ကာ႐ုိက္တာမွာသာယာေနတယ္လုိ႔ အေျပာခံရတဲ့အေပၚ တုံ႔ျပန္လုိက္တဲ့ျမတ္ေကသီေအာင္

ႏွစ္ေပါင္းမ်ားစြာတုိင္ ပရိသတ္အားေပးခ်စ္ခင္မႈကုိ အခုိင္အမာရရွိထားတဲ့ မင္းသမီးေတြထဲမွာ ျမတ္ေကသီေအာင္ကလည္း တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ သူမဟာ စကားေျပာဆိုတဲ့အခါ ပြင့္ပြင့္လင္းလင္းလြတ္လြတ္လပ္လပ္ေျပာဆုိတတ္သူပါ။ အႏုပညာအသိုင္းအ၀န္းထဲမွာလည္း သူမကို သိပ္ခ်စ္ခင္ၾကတဲ့ အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမမ်ားလည္းရွိပါတယ္။

 

ျမတ္ေကသီေအာင္ဟာ ဇာတ္ကားမ်ားမွာ ပါ၀င္သ႐ုပ္ေဆာင္တဲ့အခါမွာလည္း က်ရာဇာတ္႐ုပ္ကုိ လုိက္ဖက္ညီေအာင္ အံ၀င္ခြင္က်သ႐ုပ္ေဆာင္ႏုိင္သူတစ္ေယာက္ပါ။ မၾကာေသးခင္ကထြက္ရွိထားတဲ့ စပြန္ဆာ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း မင္းသားေနတုိးနဲ႔အတူ စပြန္ဆာမမႀကီးအျဖစ္ က်ရာဇာတ္႐ုပ္ကုိ ပီျပင္ေအာင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ အဲဒီဇာတ္႐ုပ္နဲ႔ပတ္သက္လုိ႔လည္း ပရိသတ္ေတြၾကား အေတာ္ဂယက္ထခဲ့ပါတယ္။ သူမကုိ စပြန္ဆာကာ႐ုိက္တာအေပၚ သာယာေနတယ္လို႔ေ၀ဖန္ၾကတဲ့သူေတြကုိလည္း ေပးလာတဲ့ဇာတ္႐ုပ္ကုိေရသာမခုိဘဲ ပီျပင္ေအာင္ဆက္လက္ႀကိဳးစားေနဦးမွာလို႔ေျပာျပခဲ့ပါတယ္။

 

 

က်ရာက႑မွာပီျပင္ေအာင္ သ႐ုပ္ေဆာင္ေနမယ့္ ျမတ္ေကသီေအာင္ကုိ ပရိသတ္ႀကီးကေရာ ဘယ္လုိဇာတ္႐ုပ္မ်ဳိးေတြ ထပ္မံသ႐ုပ္ေဆာင္ဖုိ႔ေမွ်ာ္လင့္ေနပါသလဲ။ Cele Connections ပရိသတ္ႀကီးအတြက္ မင္းသမီးေခ်ာျမတ္ေကသီေအာင္ရဲ႕ စပြန္ဆာဇာတ္ကားထဲက ပုံရိပ္ေလးေတြကုိလည္း ျပန္လည္မွ်ေ၀ေပးပါရေစေနာ္။

Source – Pann Pwint
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ကာရိုက်တာမှာသာယာနေတယ်လို့ အပြောခံရတဲ့အပေါ် တုံ့ပြန်လိုက်တဲ့မြတ်ကေသီအောင်

နှစ်ပေါင်းများစွာတိုင် ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးတွေထဲမှာ မြတ်ကေသီအောင်ကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာ စကားပြောဆိုတဲ့အခါ ပွင့်ပွင့်လင်းလင်းလွတ်လွတ်လပ်လပ်ပြောဆိုတတ်သူပါ။ အနုပညာအသိုင်းအဝန်းထဲမှာလည်း သူမကို သိပ်ချစ်ခင်ကြတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမများလည်းရှိပါတယ်။

မြတ်ကေသီအောင်ဟာ ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်တဲ့အခါမှာလည်း ကျရာဇာတ်ရုပ်ကို လိုက်ဖက်ညီအောင် အံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ မကြာသေးခင်ကထွက်ရှိထားတဲ့ စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မင်းသားနေတိုးနဲ့အတူ စပွန်ဆာမမကြီးအဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ထားပါသေးတယ်။ အဲဒီဇာတ်ရုပ်နဲ့ပတ်သက်လို့လည်း ပရိသတ်တွေကြား အတော်ဂယက်ထခဲ့ပါတယ်။ သူမကို စပွန်ဆာကာရိုက်တာအပေါ် သာယာနေတယ်လို့ဝေဖန်ကြတဲ့သူတွေကိုလည်း ပေးလာတဲ့ဇာတ်ရုပ်ကိုရေသာမခိုဘဲ ပီပြင်အောင်ဆက်လက်ကြိုးစားနေဦးမှာလို့ပြောပြခဲ့ပါတယ်။

ကျရာကဏ္ဍမှာပီပြင်အောင် သရုပ်ဆောင်နေမယ့် မြတ်ကေသီအောင်ကို ပရိသတ်ကြီးကရော ဘယ်လိုဇာတ်ရုပ်မျိုးတွေ ထပ်မံသရုပ်ဆောင်ဖို့မျှော်လင့်နေပါသလဲ။ Cele Connections ပရိသတ်ကြီးအတွက် မင်းသမီးချောမြတ်ကေသီအောင်ရဲ့ စပွန်ဆာဇာတ်ကားထဲက ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးပါရစေနော်။

Source – Pann Pwint
Lavender

error: Alert: Content is protected !!