ေတဇာလင္းေရာင္ရဲ႕ လိမ္လည္မႈကိုေတာ္ေတာ္ေလး အသည္းယားတယ္ဆိုတဲ့ သႏၱာလိႈင္

လတ္တေလာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ သတင္းကေတာ့ MRTV-4 ကထုတ္လႊင့္တဲ့ The Model Academy ျပိဳင္ပြဲ ရဲ႕လူမႈေရးျပႆနာ ေလးေတြ ေၾကာင့္ ဒိုင္ေတြနဲ႔ ျပိဳင္ပြဲ၀င္ေတြ အေခ် အတင္ ျဖစ္ခဲ့ၾကတဲ့ သတင္းပဲ ျဖစ္ပါတယ္ ။ ျပိဳင္ပြဲ၀င္ ေတဇာလင္းေရာင္နဲ႔ ဂ်က္ဆီတို႕ရဲ႕ လူငယ္သဘာ၀ ပတ္သတ္မႈကို CCTV ကေန ဒိုင္ေတြ က ေတြ႕ရွိလို႕ စစ္ေဆးခဲ့ေပမယ့္ ေတဇာလင္းေရာင္က ေမာင္ႏွမ ဆက္ဆံေရး မ်ိဳးပဲလုိ႕ ျငင္းခဲ့ျပီး ဂ်က္ဆီကေတာ့ ခ်စ္သူလိုိ ဆက္ဆံေရးပါလုိ႕ ေျဖဆိုခဲ့တဲ့အေပၚ ေတဇာလငး္ေရာင္ကို ေယာက္်ားမပီသဘဲ ေခါင္းေရွာင္တယ္လို႔ ေ၀ဖန္တဲ့ ပရိသတ္ေတြ အမ်ားအျပား ရွိလာခဲ့တာပါ ။

 

ဒီကိစၥနဲ႕ပတ္သက္ျပီး ေတဇာကို ဒိုင္တစ္ေယာက္ျဖစ္တဲ့ သႏၱာလိႈင္က အကုန္လံုး CCTV Record ေတြ ျမင္ျပီးေနပါျပီဆုိတာေတာင္ ျငင္းခဲ့လို႕ အရမ္းကို အသည္းယားတယ္လို႕ ေျပာလာခဲ့ပါတယ္ ။ သူမကလည္း လူၾကီးတစ္ေယာက္ အေနနဲ႔ ” ဒီအဖြားၾကီးအသက္အရမ္းၾကီးသြားလို႕ လူငယ္ေတြရဲ႕ သဘာ၀ကိုနားမလည္လုိ႕ေျပာတာဆိုရင္ အစ္မလက္ခံတယ္ ဒါေပမယ့္ အဲ့လိုမဟုတ္ဘဲ အေမလို နွမလို လုိ႕ျငင္းခဲ့တာကို အစ္မ ခုခ်ိန္ထိ စဥ္းစားလို႕ မရေသးဘူး ” လို႕ သူမရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္ ။

 

ဒီ Challenge မွာ ပရိသတ္ေတြက သူမကို ပိုခ်စ္လာၾကတဲ့အေပၚမွာလည္း Editing လုပ္ေပးတဲ့ ကိုဇင္ေအာင္ကို ေက်းဇူးတင္ပါတယ္လို႕ ေျပာခဲ့ပါတယ္ ။ Editing တစ္ခုက အမ်ားၾကီးအေရးပါသလို ပရိသတ္ခ်စ္ေအာင္လဲ လုပ္နုိင္တယ္ မုန္းေအာင္လဲလုပ္နိုင္တယ္လို႕ သႏၱာလိႈင္က သူမရဲ႕အျမင္ကို ဖြင့္ဟခဲ့ပါတယ္ ။ ေနာက္ထပ္ Challenge မွာလည္း ဘယ္လို ေတြလာဦးမလဲ ဆိုတာကို ပရိသတ္ေတြ လည္း စိတ္၀င္စားေနၾကမယ္ထင္ပါတယ္ေနာ္ ။

Source : MC
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

တေဇာလင်းရောင်ရဲ့ လိမ်လည်မှုကိုတော်တော်လေး အသည်းယားတယ်ဆိုတဲ့ သန္တာလှိုင်

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သတင်းကတော့ MRTV-4 ကထုတ်လွှင့်တဲ့ The Model Academy ပြိုင်ပွဲ ရဲ့လူမှုရေးပြဿနာ လေးတွေ ကြောင့် ဒိုင်တွေနဲ့ ပြိုင်ပွဲဝင်တွေ အချေ အတင် ဖြစ်ခဲ့ကြတဲ့ သတင်းပဲ ဖြစ်ပါတယ် ။ ပြိုင်ပွဲဝင် တေဇာလင်းရောင်နဲ့ ဂျက်ဆီတို့ရဲ့ လူငယ်သဘာ၀ ပတ်သတ်မှုကို CCTV ကနေ ဒိုင်တွေ က တွေ့ရှိလို့ စစ်ဆေးခဲ့ပေမယ့် တေဇာလင်းရောင်က မောင်နှမ ဆက်ဆံရေး မျိုးပဲလို့ ငြင်းခဲ့ပြီး ဂျက်ဆီကတော့ ချစ်သူလို ဆက်ဆံရေးပါလို့ ဖြေဆိုခဲ့တဲ့အပေါ် တေဇာလင်းရောင်ကို ယောက်ျားမပီသဘဲ ခေါင်းရှောင်တယ်လို့ ဝေဖန်တဲ့ ပရိသတ်တွေ အများအပြား ရှိလာခဲ့တာပါ ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တေဇာကို ဒိုင်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်က အကုန်လုံး CCTV Record တွေ မြင်ပြီးနေပါပြီဆိုတာတောင် ငြင်းခဲ့လို့ အရမ်းကို အသည်းယားတယ်လို့ ပြောလာခဲ့ပါတယ် ။ သူမကလည်း လူကြီးတစ်ယောက် အနေနဲ့ ” ဒီအဖွားကြီးအသက်အရမ်းကြီးသွားလို့ လူငယ်တွေရဲ့ သဘာဝကိုနားမလည်လို့ပြောတာဆိုရင် အစ်မလက်ခံတယ် ဒါပေမယ့် အဲ့လိုမဟုတ်ဘဲ အမေလို နှမလို လို့ငြင်းခဲ့တာကို အစ်မ ခုချိန်ထိ စဉ်းစားလို့ မရသေးဘူး ” လို့ သူမရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ် ။

ဒီ Challenge မှာ ပရိသတ်တွေက သူမကို ပိုချစ်လာကြတဲ့အပေါ်မှာလည်း Editing လုပ်ပေးတဲ့ ကိုဇင်အောင်ကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ် ။ Editing တစ်ခုက အများကြီးအရေးပါသလို ပရိသတ်ချစ်အောင်လဲ လုပ်နိုင်တယ် မုန်းအောင်လဲလုပ်နိုင်တယ်လို့ သန္တာလှိုင်က သူမရဲ့အမြင်ကို ဖွင့်ဟခဲ့ပါတယ် ။ နောက်ထပ် Challenge မှာလည်း ဘယ်လို တွေလာဦးမလဲ ဆိုတာကို ပရိသတ်တွေ လည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော် ။

Source : MC
Molly

 

error: Alert: Content is protected !!