

 

 

 


 

 


Source : Min Yar Zar
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အနုပညာလောကထဲမှာ အနှိမ်ခံဘ၀ ရောက်ခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းရာဇာ

မြန်မာရုပ်ရှင်လောကမှာ သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ နာမည်ကျော်ကြားတဲ့ အက်ရှင်မင်းသားတွေထဲမှာ မင်းရာဇာကလည်း တစ်ယောက်အပါ အဝင်ပဲဖြစ်ပါတယ်။ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အချိုးအစားတွေရယ် ပြောင်မြောက်လှတဲ့ တိုက်ရည်ခိုက်ရည် အစွမ်းတွေရယ်ကြောင့် အက်ရှင်ဇာတ်ကားတွေမှာ ထိပ်တန်းမင်းသားတစ်လက်အဖြစ်ပရိသတ်အားပေးမှုအခိုင်အမာရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းရာဇာတစ်ယောက် အနုပညာလောကမှာ အနှိမ်ခံဘဝရောက်ခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ပရိသတ်တွေကို ပွင့်လင်းစွာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ် ။

Video လောကပျက်စီးသွားပြီးနောက်မှာ ပေါကားဆို ပြီးရောကြိတ်တာလည်းခံခဲ့ရ သလို ကောင်းစားစဉ်ချိန်က ရာဇာကြီးရာဇာကြီးဆိုပြီး ချစ်ချင်ယောင်ဆောင်တဲ့ မိတ်ဆွေတွေရဲ့ ဥပက္ခောကိုလည်းကောင်းကောင်းခံခဲ့ရပြီး အက်ရှင်မင်းသားဆိုပြီးအောက်ကားဆင့်သတ်မှတ်တာလည်းခံခဲ့ရတယ်လို့ မင်းရာဇာက ပြောပြလာခဲ့ပါတယ် ။ ရုံကြီးကားဆိုလည် းလူကြမ်းဆင့်လောက်သာသတ်မှတ်တာလည်းခံ ခဲ့ရပြီး ပျက်စီးနေတဲ့ video လောကကြီးကိုမကယ်တင်ဘဲ မိန့်မိန့်ကြီးထိုင်ကြည့်နေတဲ့ ကျွန်တော်တို့ရဲ့အားကိုးရာ အစည်းရုံးကြီးရဲ့ ဥပက္ခောလည်းခံခဲ့ရပြီးပြီ လို့ဆိုပါတယ် ။ ငခုန်းမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတဲ့ စကားပုံအတိုင်း ဇာတ်ကားဖြစ်ပြီးရော ဆယ်လီဖြစ်ပြီးရော အနုပညာဓာတ်ခံက သုည ပရိသတ်ပေါ်ထားတဲ့စေတနာက ၁၀၀မှာ ၁ ရာခိုင်နှုန်းလောက်နဲ့ ဗိုလ်ဆွဲနေတဲ့ဇာတ်ကားတွေကြား ကျွန်တော်ရအောင်ရုံးထွက်နေရတယ်လို့ ပြောပြခဲ့တာဖြစ်ပါတယ် ။

” ပရိတ်သက်ပေါ်စေတနာပြည့်နဲ့ ထားပြီးကြိုးစားလို့ ရောက်တဲ့နေရာတိုင်းက ကြိုးစားမှုကိုအသိမှတ်ပြုခံရတယ် ကျွန်တော့်ပရိတ်သက်အမှန်တွေကျွန်တော်ဘာကောင်လဲသိတယ် အဲတော့စီးမျောနေတဲ့ ဖရီးဖောတွေကြားမှာကိုယ်က ပြီးပြီးရောမဖြစ်အောင် ကြိုးစားနေတဲ့သူပါ။ အပင်ပန်းမခံပြီးပြီးရောရိုက်တဲ့ကားက ကွာလတီ ကျွန်တော်တို့ရေကုန်ရေခန်းကြိုးစားတဲ့ကားကြ အောက်ကား ဈေးကအနှိမ်ခံရသေးတယ် ပြောသေးတယ် ရိုက်နေကြခြုံကြားမထွက်ဘဲ ရိုက်တဲ့ကားတွေကို အဆင့်မြင့်တယ်တဲ့ ဈေးလည်းပိုပေးကြတယ် ပရိုဂျူစာတွေက မင်းအဲ့လိုကောင်းအောင်ရိုက်တဲ့ သူတို့ရိုက်တာက တစ်ကား၃/၄ရက် ကိုယ်ရိုက်နေတာကတစ်ကား၇/၈ ဒါတောင်ရှော့ရိုက်တာ ပုံမှန်ဆို၁၀/၁၂ရက်ကြာတယ် တဖြည်းဖြည်းနဲ့ဒဲ့ရွန်လာတယ်?တော်ပြီဗျာဆတ်ပြောရင် တစ်လောကလုံးအကြောင်းတွေပေါ်ကုန်တော့မယ် ကိုယ့်အလုတ်ကိုယ်လုတ်တာဘဲကောင်းတယ်? ချစ်ဆုံးတို့ နဂါးလားကျားလားသိအောင် အခုကတည်းကစခွဲနေပါပြီ ကျွန်တော်နောက်မဆုတ်ပါ ဆတ်လက်ရှင်သန်နေဖို့တွက်ခွန်အားအပြည့်ပါ ကွဲပြားသောတင်ဆတ်မှုတွေနဲ့ ကျွန်တော်ပြန်လာမှာပါ မှားသွားလို့ထိသွားတဲ့သူရှိရင် sorry ဗျာ။ သိအောင်ပြောမှသိတဲ့သူတွေရှိလို့ပါ ” ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ ပေါက်ကွဲရေးသားခဲ့တာဖြစ်ပါတယ် ။

Source : Min Yar Zar
Molly

 

error: Alert: Content is protected !!