ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်မေသက် ရဲ့ ပြောကြားချက်တွေမမှန်ကန်ကြောင်း ဖွင့်ချခံရ

ရုပ်ရှင်သရုပ်ဆောင် အမေများအဖွဲ့ဝင် ဒေါ်ခင်မေသက်တစ်ယောက် မကြာသေးခင်က လည်ပင်းကင်ဆာရောဂါကို ခံစားနေရတာပါ ။ လည်ချောင်း ကို အပေါက်ဖောက်ထားရတဲ့ေ ဒ်ါခင်မေသက် ရဲ့ သတင်း က အားလုံးကို စိတ်မကောင်းဖြစ်စေခဲ့တာပါ ။

မကြာသေးခင်က မီဒီယာအင်တာဗျုးတစ်ခုမှာ ဒေါ်ခင်မေသက် ဖြေဆိုခဲ့တာတွေ ကို ကြည့်ခဲ့ကြသူတိုင်း စိတ်မကောင်းပိုလို့တောင် ဖြစ်ခဲ့ကြရပါတယ် ။ ဒါပေမယ့် ဒေါ်ခင်မေသက် ပြောထားတဲ့ စကားတွေ မမှန်ကြောင်းအဆိုပါ ဗီဒီယို ရဲ့ အောက်မှာ လာရောက်ပြောဆိုထားတာကိုတွေ့ရပါတယ်။ “ကဲကဲ အပေါ်က အားလူံးရေ လူကြီးက အသက်ကြီးလာတော့ သူ့စိတ်တိုင်မကြတာတေကို ရင်ဖွင့်ပီး မဟုတ်တာတေရော ဟုတ်တာတေပါ ပြောမိတာပါးသမီးတွေမြေးတွေနဲ့အတူနေတာပါလို့ ညီမတို့ ရဲ့အနားကပါပဲ သူပြောသလိုလဲ မဟုတ်ရပါဘူးကွယ် သူ့ကို ၈လွှာကနေ အောက်ကိုမလယ်ပါတ်ပေးနိုင်တာကလွဲရင် ကျန်တာအကုန်ပြည့်စုံပါတယ် သမီးတေအလုပ်သွား ခလေးတေ ကျောင်းသွားတဲ့အချိန်ကတော့ သူတယောက်ထဲပေါ့ကွယ် ခရီးသွားကြတာတောင်သူသားမက်ဘက်က အဒေါ်နဲ့ ထားခဲ့တာပါ အခု အင်တာဗျုးမလာခင်၂ရက်ကပဲအောက်ဆင်းဈေးဝယ်ပါသေးတယ်လို့ လက်တွေ့မြင်နေတဲ့ ကျမကပဲ ကြားက တော်ကြပါတော့လို့” ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။

အန်တီဒေါ်ခင်မေသက် တစ်ယောက် လူကြီးသဘာဝ စိတ်အလိုမကျဖြစ်နေတာတွေကို ပြောချခဲ့ပုံပေါ်ပါတယ်။ ပရိသတ်ကြီးရေ ၊ အန်တီခင်မေသက် ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦး ။
Source – MC

error: Alert: Content is protected !!