ယုန်လေးရဲ့ ပုံကို စနောက်ပြီး ဖိုတိုရှော့လုပ်ခဲ့ကြတဲ့ ပရိတ်တွေရဲ့ လက်ရာများ

ဟစ်ဟော့ လောကမှာ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအပြည့်ဝရရှိထားတဲ့ တေးသံရှင် ယုန်လေးဟာ အခုလက်ရှိမှာ လူငယ်ကြိုက် အက်ရှင်ကားတွေနဲ့ အတူ ရုပ်ရှင်တွေ ရိုက်ကူးနေပြီဖြစ်ပါတယ် ။ ယုန်လေးကတော့ လူငယ်ပီပီ မိတ်ဆွေ သူငယ်ချင်းတွေကို အမြဲတမ်း ဆေးထိုး ပြီး စနောက်တတ်တာကိုတော့ပရိသတ်တွေအားလုံးသိပြီး သားဖြစ်မှာပါ ။ လတ်တလောမှာတော့ သူများကို အမြဲဆေးထိုးတတ်တဲ့ ယုန်လေးကို ပရိသတ်တွေက ပြန်ပြီးဆေးထိုးလိုက်ပါပြီနော် ။

 

 

 

 

ယုန်လေးတစ်ယောက် သူ့ရဲ့ဖေ့ဘုတ် စာမျက်နှာထက်ကနေ ” MAFIA CITY စာတန်း နဲ့ Design နည်းနည်းချိန်းပေးပါ။ ဆေးမထိုးရ Friend ထဲ မှ Design ဆရာများ ။အားလုံး Peace ” ဆိုတဲ့စာသားနဲ့အတူ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ မိန်းမလှလေးနှစ်ဦးနဲ့ ရိုက်ကူးထားတဲ့ပုံကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် ပရိသတ်တွေက ကွန်မန့်မှာ ဖိုတိုရှော့နဲ့ ယုန်လေးပုံကို စနောက်ပြီး ပြုပြင်ထားတဲ လက်ရာတွေကို မန့်ခဲ့ကြပြီး ပရိတ်တွေ ပွဲကျနေကြတာပါ ။

 

 

အဆိုတော် ကျော်ထွဋ်ဆွေကလည်း ယုန်လေးကို စနောက်ပြီး မှတ်ချက်ပေးထားတာကိုတွေ့ရသလို ပရိသတ်တွေအားလုံးကလည်း ယုန်လေးကို စနောက်နေကြတာ တွေ့ရပါတယ် ။ Cele Connection ပရိသတ်ကြီးအတွက် ယုန်လေး ကို ပရိသတ်တွေ ဆေးထိုးထားတဲ့ ရယ်စရာ ပုံရိပ်တွေကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပြီနော် ။

Source : Yone Lay
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!