မေကာင္းတဲ့ ေယာက္်ားတစ္ေယာက္အတြက္အခ်ိန္ကုန္မခံေတာ့တဲ့ ေအသင္ခ်ဳိေဆြ

ေအသင္ခ်ဳိေဆြဟာ အႏုပညာေလာကမွာ ပရိသတ္ရင္ထဲထိေစတဲ့ သီခ်င္းသံစဥ္ေလးေတြနဲ႔ ေအာင္ျမင္ေနတ့ဲအဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ အႏုပညာေလာကထဲကေန အခ်ိန္ကာလတစ္ခုၾကာေပ်ာက္ကြယ္သြားခဲ့ပါေသးတယ္။ သူျပန္ေပၚလာတဲ့အခ်ိန္မွာ ခ်စ္စဖြယ္သမီးေလးတစ္ေယာက္နဲ႔အတူျပန္လည္ေရာက္ရွိလာခဲ့တာမုိ႔ ပရိသတ္ေတြရဲ႕အထူးစိတ္၀င္စားမႈကုိခံခဲ့ရပါတယ္။

 

 

 

အဲဒီခ်စ္စရာဟန္ပန္ေလးေတြနဲ႔ သမီးေလးကေတာ့ ေအသင္ခ်ဳိေဆြရဲ႕ရင္ေသြးေလးအုိင္ဗီြးပဲျဖစ္ပါတယ္။ ေအသင္ဟာ Single Mother တစ္ေယာက္အျဖစ္ရပ္တည္ေနေပမယ့္လည္း သမီးေလးအုိင္ဗီြးအေပၚ မိခင္ေမတၱာအျပည့္န ဲ႔ ၾကင္နာမႈေတြ ေပးစြမ္းေနတဲ့ ေလးစားဖြယ္မိခင္တစ္ေယာက္ျဖစ္လို႔ ပရိသတ္ေတြက ထပ္မံခ်စ္ခင္အားေပးခဲ့ၾကပါတယ္။ ေအသင္ဟာ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ “ ကုိယ့္အေပၚမေကာင္းတဲ့ ေယာက်္ားအတြက္ အခ်ိန္ကုန္ခံေနမယ့္အစား ကုိယ့္ရဲ႕ေမတၱာတရားကုိအၿမဲလုိအပ္ေနတဲ့ ေမ့ေမ့သမီးေလးအတြက္ပဲ ေမေမရွင္သန္မယ္ ’’ လို႔ေရးသားၿပီး သူမရဲ႕ခံစားခ်က္ကုိေဖာ္ျပထားပါေသးတယ္။

 

 

သမီးေလးအုိင္ဗီြးအေပၚ ေအသင့္ရဲ႕ေမတၱာတရားႀကီးမားတဲ့ မိခင္စိတ္ကေတာ့ ေလးစားစရာပါပဲ ပရိသတ္ႀကီးေရ။ သူမတုိ႔သားအမိႏွစ္ေယာက္ရဲ ႔ခ်စ္စဖြယ္ပုံရိပ္ေလးေတြကုိလည္း Cele Connections ပရိသတ္ႀကီးအတြက္ မွ်ေ၀ေပးလိုက္ပါတယ္ေနာ္။

Source _ Athen Cho Swe
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

မကောင်းတဲ့ ယောက်ျားတစ်ယောက်အတွက်အချိန်ကုန်မခံတော့တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ အနုပညာလောကမှာ ပရိသတ်ရင်ထဲထိစေတဲ့ သီချင်းသံစဉ်လေးတွေနဲ့ အောင်မြင်နေတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အနုပညာလောကထဲကနေ အချိန်ကာလတစ်ခုကြာပျောက်ကွယ်သွားခဲ့ပါသေးတယ်။ သူပြန်ပေါ်လာတဲ့အချိန်မှာ ချစ်စဖွယ်သမီးလေးတစ်ယောက်နဲ့အတူပြန်လည်ရောက်ရှိလာခဲ့တာမို့ ပရိသတ်တွေရဲ့အထူးစိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။

အဲဒီချစ်စရာဟန်ပန်လေးတွေနဲ့ သမီးလေးကတော့ အေသင်ချိုဆွေရဲ့ရင်သွေးလေးအိုင်ဗွီးပဲဖြစ်ပါတယ်။ အေသင်ဟာ Single Mother တစ်ယောက်အဖြစ်ရပ်တည်နေပေမယ့်လည်း သမီးလေးအိုင်ဗွီးအပေါ် မိခင်မေတ္တာအပြည့်န ဲ့ ကြင်နာမှုတွေ ပေးစွမ်းနေတဲ့ လေးစားဖွယ်မိခင်တစ်ယောက်ဖြစ်လို့ ပရိသတ်တွေက ထပ်မံချစ်ခင်အားပေးခဲ့ကြပါတယ်။ အေသင်ဟာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ ကိုယ့်အပေါ်မကောင်းတဲ့ ယောကျ်ားအတွက် အချိန်ကုန်ခံနေမယ့်အစား ကိုယ့်ရဲ့မေတ္တာတရားကိုအမြဲလိုအပ်နေတဲ့ မေ့မေ့သမီးလေးအတွက်ပဲ မေမေရှင်သန်မယ် ’’ လို့ရေးသားပြီး သူမရဲ့ခံစားချက်ကိုဖော်ပြထားပါသေးတယ်။

သမီးလေးအိုင်ဗွီးအပေါ် အေသင့်ရဲ့မေတ္တာတရားကြီးမားတဲ့ မိခင်စိတ်ကတော့ လေးစားစရာပါပဲ ပရိသတ်ကြီးရေ။ သူမတို့သားအမိနှစ်ယောက်ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း Cele Connections ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source _ Athen Cho Swe
Lavender

error: Alert: Content is protected !!