

 


 


Source : MC
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

မိုးအောင်ရင်ကို မိန်းမယူစေချင်ပြီလို့ ပြောလာတဲ့ တေးသံရှင် အောင်ရင်

 

နိုင်ငံကျော် တေးသံရှင် အောင်ရင်ကတော့ ဂီတလောကမှာ အားပေးတဲ့ပရိသတ်တွေ အများအပြားပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သားဖြစ်သူကတော့ ဖခင်ရဲ့ ဂီတ အမွေကို မရခဲ့ပေမယ့် သရုပ်ဆောင်လောကမှာတော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားချောလေး တစ်ယောက်ပါ ။ မိုးအောင်ရင်ကလူငယ်ပီပီ ဆုံးဖြတ်ချက်အမှားတွေနဲ့ လမ်းမှားလျှောက်မိခဲ့လို့ မိသားစုနဲ့ ခေတ္တဝေးကွာသွားခဲ့ပေမယ့် အခုချိန်မှာတော့ မိသားစု ပြန်လည် ပြီး စုစု စည်းစည်း နဲ့ ချစ်ချစ်ခင်ခင် ပြန်လည်ပေါင်းစည်း နေခဲ့ပါပြီ ။

အောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်ကို မိန်းမယူစေချင်နေပြီ ဖြစ်သလို ဘယ်သူ့ကိုယူရမယ်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိဘဲ သူ့စိတ်ကြိုက် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားတယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ မိုးအောင်ရင်ကို အရမ်းကြီးအောင်မြင်နေတဲ့ သူတစ်ယောက် ဖြစ်စေချင်တာ ထက် စိတ်နှလုံးအေးအေးချမ်းချမ်းနဲ့ ကိုယ့်လမ်းကို ကောင်းကောင်းမွန်မွန်လျှောက်လှမ်းတာကိုပဲ မြင်ချင်တာပါလို့လည် ဖခင်ဖြစ်သူရဲ့ မေတ္တာတရားကို ဖော်ပြခဲ့ပါတယ် ။ ဖခင်ဖြစ်သူက ရွေးချယ်ခွင့် ပေးထားပေမယ့် ရွေးချယ်မှု မှားယွင်းသွားမှာကိုတော့ စိုးရိမ်တဲ့အတွက် အတတ်နိုင်ဆုံးရွေးချယ်မှု မမှားအောင် ကြိုးစားတယ်လို့လည်း မိုးအောင်ရင်က ဆိုပါတယ် ။

မိုးအောင်ရင် အနေနဲ့လည်း တခြားအဖေတွေက ဘယ်လိုဆုံးမလဲ မသိပေမယ့် ဖခင်ဖြစ်သူကတော့ ဘယ်အရာမဆို ကိုယ့်ကို ရွေးချယ်ခွင့်ပေးတတ်တဲ့ အဖေဖြစ်လို့ ဆုံးမတာကို အရမ်းသဘောကျတယ်လို့လည်းသိရပါတယ် ။ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာလည်း တရားစခန်း နှစ်ပတ် တိတိဝင်မယ်လို့လည်း မိုးအောင်ရင်က ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ် ။ မိုးအောင်ရင် အနေနဲ့ တစ်လလောက် အေးအေးချမ်းချမ်း တရားစခန်းဝင်ချင်ပေမယ့်လည်း ကားရိုက်တွေ ရှိနေသေးတာမလို့ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ပဲ တရားစခန်းဝင်ဖြစ်မယ်လို့သိရပါတယ် ။

Source : MC
Molly

 

error: Alert: Content is protected !!