ပိုင္ျဖိဳးသုရဲ႕ ရူးေနတဲ့အခန္းေတြ အရမ္းၾကိဳက္တယ္လို႕ ေျပာလာတဲ့ ဒါရိုက္တာဏၾကီး

မၾကာေသးမီကမွ ျပဳလုပ္ခဲ့တဲ့ ” ထာ၀ရ ေႏွာင္ၾကိဳး ” Red Carpet Show ေလးကေတာ့ ေအာင္ျမင္စြာျပီး ဆံုးသြားခဲ့သလို အႏုပညာရွင္ေတြ အမ်ားၾကီးတက္ေရာက္ခဲ့ၾကပါတယ္ ။ ဒီကားေလးက အခ်စ္ ရိုးမန္႕ ကားေလးျဖစ္ျပီး ပရိသတ္ေတြ ရင္ခုန္စိတ္လႈတ္ရွားရမယ့္ ကားေကာင္းေလး တကားျဖစ္သလို ဒါရိုက္တာ ခရစၥတီနာခီ ရဲ႕ ဖန္တီးမႈ နဲ႔အတူ ပရိသတ္ခ်စ္ခင္အားေပးမႈ အျပည္႕၀ရရွိထားတဲ့ ဇဏ္ခီနဲ႕ အကယ္ဒမီ ပိုင္ျဖိဳးသုတို႕ရဲ႕ ပီျပင္တဲ့ သရုပ္ေဆာင္မႈေတြကို ၾကက္သီးထဖြယ္ျမင္ေတြ႕ရမယ့္ ကားေကာင္းေလး တကားပဲ ျဖစ္ပါတယ္ ။

 

ဒီကားနဲ႔ ပတ္သက္ျပီး သုသု ရဲ႕ ခင္ပြန္းျဖစ္သူ ဒါရိုက္တာ ဏၾကီးက ဒီကားနဲ႔ပတ္သတ္ျပီး ဒါရိုက္တာခရစၥတီနာခီ နဲ႔ ေနမေကာငး္တဲ့ အခန္းမွာ Body ပိုင္းပါ လံုး၀ ေျပာငး္လဲပစ္လုိက္တဲ့ ဇဏ္ခီတို႕ရဲ႕ ၾကိဳးစားမႈကို ခ်ီးက်ဴး ခဲ့ျပီး ဇနီး ျဖစ္သူ သုသု ရဲ႕ ရူးေနတဲ့အခန္းေတြ အရမ္းၾကိဳက္တယ္လို႕ သူ႕ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္ ။ ဒီကားထဲက ၀တ္မႈန္ဆိုတဲ့ မိန္းကေလး ျဖစ္ဖို႕ကို သုသုအမ်ားၾကီး ၾကိဳးစားခဲ့ရသလို တစ္ခ်ိန္လံုး ၀တ္မႈန္လုိ႕ ကိုယ့္ကိုယ္ကို သေဘာထားျပီး ၀တ္မႈန္ၾကားတာေတြပဲ ၾကားျပီး ၀တ္မႈန္ျမင္တာေတြပဲ ျမင္ေနခဲ့တယ္လို႕လည္း ပိုင္ျဖိဳးသုက သူမရဲ႕ၾကိဳးစားအားထုတ္မႈနဲ႔ပတ္သတ္ျပိး ေျပာျပခဲ့ပါတယ္ ။

ထာ၀ရေႏွာင္ၾကိဳး ဆိုတဲ့ အခ်စ္ ကားေလးကေတာ့ မၾကာခင္ ပရိသတ္ေတြေရွ႕ကို ေရာက္ရွိလာေတာ့မွာျဖစ္လုိ႕ ပရိသတ္ေတြလည္း အရမ္းကိုၾကည္႕ခ်င္ေနၾကျပီထင္ပါတယ္ ။ ဥပါယ္တံမ်ဥ္ ၊ မုျဒာ ေခၚသံ ကား နွစ္ကားထဲနဲ႔ တစ္နိုင္ငံလံုးက ပ၇ိသတ္ေတြရဲ႕ ရင္ထဲကို ထိုးေဖာက္ နုိင္ခဲ့တဲ့ ခရစၥတီနာခီရဲ႕ တတိယေျမာက္ကားျဖစ္တဲ့ ဒီကားေလးကေတာ့ ပရိသတ္ေတြကို ဘယ္လိုရသေတြေပးျပီး ပရိသတ္အၾကိဳက္ေတြ႕ဦးမွာလဲဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ ပရိသတ္ၾကီးေ၇ ..။

Source : The Rader
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပိုင်ဖြိုးသုရဲ့ ရူးနေတဲ့အခန်းတွေ အရမ်းကြိုက်တယ်လို့ ပြောလာတဲ့ ဒါရိုက်တာဏကြီး

မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ” ထာဝရ နှောင်ကြိုး ” Red Carpet Show လေးကတော့ အောင်မြင်စွာပြီး ဆုံးသွားခဲ့သလို အနုပညာရှင်တွေ အများကြီးတက်ရောက်ခဲ့ကြပါတယ် ။ ဒီကားလေးက အချစ် ရိုးမန့် ကားလေးဖြစ်ပြီး ပရိသတ်တွေ ရင်ခုန်စိတ်လှုတ်ရှားရမယ့် ကားကောင်းလေး တကားဖြစ်သလို ဒါရိုက်တာ ခရစ္စတီနာခီ ရဲ့ ဖန်တီးမှု နဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှု အပြည့်ဝရရှိထားတဲ့ ဇဏ်ခီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကို ကြက်သီးထဖွယ်မြင်တွေ့ရမယ့် ကားကောင်းလေး တကားပဲ ဖြစ်ပါတယ် ။

ဒီကားနဲ့ ပတ်သက်ပြီး သုသု ရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးက ဒီကားနဲ့ပတ်သတ်ပြီး ဒါရိုက်တာခရစ္စတီနာခီ နဲ့ နေမကောင်းတဲ့ အခန်းမှာ Body ပိုင်းပါ လုံး၀ ပြောင်းလဲပစ်လိုက်တဲ့ ဇဏ်ခီတို့ရဲ့ ကြိုးစားမှုကို ချီးကျူး ခဲ့ပြီး ဇနီး ဖြစ်သူ သုသု ရဲ့ ရူးနေတဲ့အခန်းတွေ အရမ်းကြိုက်တယ်လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ် ။ ဒီကားထဲက ဝတ်မှုန်ဆိုတဲ့ မိန်းကလေး ဖြစ်ဖို့ကို သုသုအများကြီး ကြိုးစားခဲ့ရသလို တစ်ချိန်လုံး ဝတ်မှုန်လို့ ကိုယ့်ကိုယ်ကို သဘောထားပြီး ဝတ်မှုန်ကြားတာတွေပဲ ကြားပြီး ဝတ်မှုန်မြင်တာတွေပဲ မြင်နေခဲ့တယ်လို့လည်း ပိုင်ဖြိုးသုက သူမရဲ့ကြိုးစားအားထုတ်မှုနဲ့ပတ်သတ်ပြိး ပြောပြခဲ့ပါတယ် ။

ထာဝရနှောင်ကြိုး ဆိုတဲ့ အချစ် ကားလေးကတော့ မကြာခင် ပရိသတ်တွေရှေ့ကို ရောက်ရှိလာတော့မှာဖြစ်လို့ ပရိသတ်တွေလည်း အရမ်းကိုကြည့်ချင်နေကြပြီထင်ပါတယ် ။ ဥပါယ်တံမျဉ် ၊ မုဒြာ ခေါ်သံ ကား နှစ်ကားထဲနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက် နိုင်ခဲ့တဲ့ ခရစ္စတီနာခီရဲ့ တတိယမြောက်ကားဖြစ်တဲ့ ဒီကားလေးကတော့ ပရိသတ်တွေကို ဘယ်လိုရသတွေပေးပြီး ပရိသတ်အကြိုက်တွေ့ဦးမှာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : The Rader
Molly

error: Alert: Content is protected !!