ဇာတ်လမ်းတွဲတစ်ခုပြီးဆုံးခဲ့ပေမယ့် ပရိသတ်တွေကို ကျေးဇူးစကားဆိုလိုက်တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ ၊ မကြာသေးခင်က ထုတ်လွှင့်ပြသပြီးခဲ့တဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲကြီးကတော့ မကြာသေးခင်က ပြီးဆုံးခဲ့ပါတယ်။ ဇာတ်လမ်းပြီးဆုံးခဲ့ပေမယ့် အမွှေစိန်လေး ယွန်းမေခအဖြစ်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူ ကတော့ ပရိသတ်ကြီးအတွက် ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

 

မြတ်သူသူက “တတိယမြောက်ဆုံမှတ်ဇာတ်လမ်းတွဲလေးမှာ ယွန်းမေခအဖြစ်သရုပ်ဆောင်ခွင့်ရအောင် ရွေးချယ်ပေးခဲ့သော တာဝန်ရှိသူများနှင့် နေရာအသီးသီးကနေပံ့ပိုးကူညီပေးခဲ့ကြသော မောင်နှမများ သရုပ်ဆောင်မောင်နှမများအားလုံးနှင့် ပါဝင်ပတ်သက်သူတယောက်ဆီတိုင်း ကြည့်ရှူအားပေးသူတယောက်ဆီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်
လိုအပ်ချက်တွေ အားနည်းချက်တွေရှိနေသေးတာမို့ ခုထက်ပိုကြိုးစားပါ့မယ်လို့ ကတိပြုရင်း မတူညီတဲ့ဇာတ်ကောင်လေးတွေနဲ့ TV ? ပေါ်ပြန်မရောက်လာသေးခင်စပ်ကြား မေ့မသွားကြဖို့ မျှော်လင့်ပါရစေရှင့်
I love u all par naw ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ၊ မြတ်သူသူကတော့ ပရိသတ်တွေအတွက် အကောင်းဆုံးဆက် လက်ကြိုးစားပေး နေတာဖြစ်ပါတယ်။ မြတ်သူသူ အတွက် အမှတ်တရစကားလေးေ တွပြောပေးခဲ့ကြပါဦး ။
Source – Myat Thu Thu
Jasmine

error: Alert: Content is protected !!