စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအခြေအနေမှန်ကို ဖြိုးပြည့်စုံ အသိပေး

ပရိသတ်ကြီးရေ အားလုံးကချစ်ကြတဲ့ ဖြိုးပြည့်စုံတစ်ယောက် ကတော့ မကြာသေးခင်က ကံဆိုးမှုကြီးနဲ့ ကြုံခဲ့ရပြီးနောက်မှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဖြိုးပြည့်စုံတစ်ယောက် ပရိသတ်တွေစိတ်ပူနေကြတဲ့ ကျန်းမာရေးအခြေအနေ နဲ့ ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေကို လူမှုကွန်ရက်ပေါ်ကနေတဆင့်အသိပေးခဲ့တာပါ။

 

ဖြိုးပြည့်စုံက ” နှာခေါင်း ထိပ်ကပ်နာ (Sinusitis)ကနေ ပြန်ကျတဲ့ post nasal drop အရည် ကြောင့် လေပြွန်ရောင်နေတာပါတလလောက် ဆေးဖြန်း ၊ ဆေးသောက် နဲ့ ထိန်းကြည့်ရမှာပါ.. အစာအိမ်ကတော့ အခြေအနေ မဆိုးပါဘူး တဲ့
ကြီးကြီးမားမား vocal rest ယူစရာ မလိုဘူးလို့တော့ ပြောပါတယ်…
သော်ငြားလည်း
ကျနော် နောက်လ နိုဝင်ဘာ တော့ ၁၀ ရက် (ဝဇီပိတ်) တရားစခန်းလေး (အဝေးတစ်နေရာမှာ) ဝင်ပါဦးမယ်
ဒီဇင်ဘာလဆန်း လည်း ဦးပဇင်း ဝတ်ဖို့ ရည်ရွယ်ထားမိပါတယ်…
နှစ်ဟောင်းကို ကုသိုလ် ရေးနဲ့ နှုတ်ဆက်ပီး
နှစ်သစ်ကို ကတုံးလေးနဲ့ ကြိုမယ်ပေါ့
၂၀၂၀ မှာ တေးAlbum သစ်လေးထွက်ဖို့ ကြိုးစားမှာပါ…
ဝိုင်ဝန်းစိတ်ပူ ဆုတောင်း ကူကြတဲ့ ဘော်ဒါများ ကိုအကျိုးအကြောင်းလေးပြောရင်း
ကိုယ်လည်း ကျန်းမာ စိတ်ချမ်းသာကြပါစေ ဗျာ” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ၊ ဖြိုးပြည့်စုံတစ်ယောက် အခုလို ကျန်းမာရေးမကောင်းတဲ့ကြားက အခက်အခဲတွေကို ကောင်းမွန်စွာဖြတ်သန်းနိုင်တာကိုပဲ ဝမ်းသာရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဖြိုးပြည့်စုံ ကျန်းမာရေးကောင်းမွန်စေဖို့ ဆုတောင်းပေးခဲ့ကြပါဦး ။
Source- Phyo Pyae Sone
Jasmine

error: Alert: Content is protected !!