ခင္ပြန္းျဖစ္သူ ကို ေဒၚလာေတြ အထပ္လိုက္နဲ႔ ေမြးေန႔ Surprise လုပ္ေပးခဲ့တဲ့ စမိုင္းလ္

ပရိသတ္ေတြၾကား အားက်ရတဲ့ အႏုပညာရွင္ ဇနီးေမာင္ႏွံေတြထဲမွာ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံလည္း အပါအဝင္ျဖစ္ပါတယ္။ အခက္အခဲေတြကို လင္မယားႏွစ္ေယာက္ အတူေျဖရွင္းခဲ့ၾကၿပီး လက္ရွိမွာေတာ့ ေပ်ာ္စရာမိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ ဇနီးေမာင္ႏွံလည္း ျဖစ္ပါတယ္။ စမိုင္းလ္ဟာ ပြင့္ပြင့္လင္းလင္း ေနတတ္သူတစ္ဦးျဖစ္ၿပီး ဟန္ေဆာင္မႈကင္းတဲ့ သူမရဲ႕ ဟန္ပန္ေတြကေတာ့ ပရိသတ္ေတြၾကား သေဘာက်စရာ လည္း ျဖစ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ မရွိအတူ ရွိအတူ ျဖတ္သန္းခဲ့ၾကတဲ့ စစ္မွန္တဲ့ ေမတၱာတရားေတြေၾကာင့္လည္း ပရိသတ္အားက်ရတဲ့ အိမ္ေထာင္ရွင္စုံတြဲ ျဖစ္ေနခဲ့တာပါ ။

 

 

ေအာက္တိုဘာလ ၂၂ ရက္ေန႕ကေတာ့ စမုိင္းလ္ရဲ႕ ခင္ပြန္းျဖစ္သူ ကိုျပည္႕ေမာင္ရဲ႕ အသက္ ၃၈ နွစ္ျပည္႕ေမြးေန႕ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြသိတဲ့အတုိင္း တစ္ေယာက္နဲ႔ တစ္ေယာက္ အမွတ္တရ ေန႕ရက္ေလးေတြမွာ အျမဲတမ္း Surprise လုပ္ေပးေလ့ရွိတဲ့ စမိုင္းလ္တို႕ ဇနီေမာင္နွံရဲ႕ထံုးစံအတိုင္း ခင္ပြန္းျဖစ္သူကို ေမြးေန႕ Surprise ေလး လုပ္ေပးခဲ့ပါတယ္ ။ လွပတဲ့ ပူေဖာင္းေတြနဲ႔ မီးေရာင္စံုေတြေအာက္မွာ ေဒၚလာပံုစံ ကိတ္မုန္႕ၾကီးနဲ႔ ခ်စ္ရတဲ့ ခင္ပြန္း အတြက္ ေမြးေန႕ပြဲေလး က်င္းပေပးခဲ့တာျဖစ္ျပီး ေမြးေန႕ကို မိသားစုေတြ အတူတူ ေပ်ာ္ရႊင္စြာျဖတ္သန္းခဲ့ၾကတာပါ ။

 

 

ေမြးေန႕ Surprise ပံုရိပ္ေတြကိုေတာ့ စမိုင္းလ္က သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာထက္ကေန ျပန္လည္ မွ်ေ၀ေပးထားတာ ျဖစ္ျပီး ပရိသတ္ေတြကေတာ့ အရမ္းကို အားက်ေနၾကတာပါ ။ သူမ ခင္ပြန္းျဖစ္သူအတြက္ ျပင္ဆင္ထားတဲ ့ေမြးေန႕ကိတ္က တကယ့္ေဒၚလာအစစ္ေတြလုိ႕ေတာင္ ထင္ရေလာက္ ေအာင္ ပီျပင္ေနတာမလုိ႕ ေဒၚလာ အထပ္လိုက္နဲ႔ ေမြးေန႕ Surprise လုပ္ေပးသလားလို႕ ေတာင္ထင္ရပါတယ္ ပရိသတ္ၾကီးေရ ..။ စမုိင္းလ္တို႕ ဇနီးေမာင္နွံကိုခ်စ္ခင္ၾကတဲ့ Cele Connection ပရိသတ္ၾကီးကလည္း ေမြးေန႕ဆုေတာင္းေလးေတြ ေရးေပးခဲ့ပါဦးေနာ္ ။

Source : Smile
Mollly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ခင်ပွန်းဖြစ်သူ ကို ဒေါ်လာတွေ အထပ်လိုက်နဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ စမိုင်းလ်

 

ပရိသတ်တွေကြား အားကျရတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေထဲမှာ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။ အခက်အခဲတွေကို လင်မယားနှစ်ယောက် အတူဖြေရှင်းခဲ့ကြပြီး လက်ရှိမှာတော့ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ဦးဖြစ်ပြီး ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့ ဟန်ပန်တွေကတော့ ပရိသတ်တွေကြား သဘောကျစရာ လည်း ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် မရှိအတူ ရှိအတူ ဖြတ်သန်းခဲ့ကြတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့်လည်း ပရိသတ်အားကျရတဲ့ အိမ်ထောင်ရှင်စုံတွဲ ဖြစ်နေခဲ့တာပါ ။

အောက်တိုဘာလ ၂၂ ရက်နေ့ကတော့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ အသက် ၃၈ နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေသိတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက် အမှတ်တရ နေ့ရက်လေးတွေမှာ အမြဲတမ်း Surprise လုပ်ပေးလေ့ရှိတဲ့ စမိုင်းလ်တို့ ဇနီမောင်နှံရဲ့ထုံးစံအတိုင်း ခင်ပွန်းဖြစ်သူကို မွေးနေ့ Surprise လေး လုပ်ပေးခဲ့ပါတယ် ။ လှပတဲ့ ပူဖောင်းတွေနဲ့ မီးရောင်စုံတွေအောက်မှာ ဒေါ်လာပုံစံ ကိတ်မုန့်ကြီးနဲ့ ချစ်ရတဲ့ ခင်ပွန်း အတွက် မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာဖြစ်ပြီး မွေးနေ့ကို မိသားစုတွေ အတူတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာပါ ။

မွေးနေ့ Surprise ပုံရိပ်တွေကိုတော့ စမိုင်းလ်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြန်လည် မျှဝေပေးထားတာ ဖြစ်ပြီး ပရိသတ်တွေကတော့ အရမ်းကို အားကျနေကြတာပါ ။ သူမ ခင်ပွန်းဖြစ်သူအတွက် ပြင်ဆင်ထားတဲ့မွေးနေ့ကိတ်က တကယ့်ဒေါ်လာအစစ်တွေလို့တောင် ထင်ရလောက် အောင် ပီပြင်နေတာမလို့ ဒေါ်လာ အထပ်လိုက်နဲ့ မွေးနေ့ Surprise လုပ်ပေးသလားလို့ တောင်ထင်ရပါတယ် ပရိသတ်ကြီးရေ ..။ စမိုင်းလ်တို့ ဇနီးမောင်နှံကိုချစ်ခင်ကြတဲ့ Cele Connection ပရိသတ်ကြီးကလည်း မွေးနေ့ဆုတောင်းလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Smile
Mollly

 

error: Alert: Content is protected !!