The Model Academy က တေဇာလင်းရောင်နဲ့ ပတ်သက်ပြီး Troll ခဲ့တဲ့ အေးမင်းဟိန်းရဲ့ ဟာသဗီဒီယို

ဖေ့ဘုတ်စ် ဆယ်လီ အေးမင်းဟိန်းကတော့ ဟာသဗီဒီယိုတွေနဲ့ ရုပ်ရှင် Review တွေကို ဟာသနှောပြီး ပရိသတ်တွေကို မျှဝေပေးနေကြ သူတစ်ယောက်ပါ ။ သူရဲ့ အခွီ tik tok လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကြောင့် လူမှုကွန်ရက်စာမျက်နှာမှာ အားပေးသူတွေကလည်း အများအပြားပါပဲ ။ ပရိသတ်တွေကို အမြဲတမ်း ရယ်မောပျော်ရွှင်အောင် တမျိုးပြီး တမျိုး တင်ဆက်ပေးနေတဲ့ သူ့ရဲ့ အခွီ ဗီဒီိယိုလေးတွေကလည်း အမြဲတမ်း ပရိသတ်ကြားမှာ ရေပန်းစား လေ့ရှိပါတယ် ။

 

လတ်တလောမှာ ဂယက်ထနေတဲ့ The Model Academy နဲ့ပတ်သက်ပြီး တေဇလင်းရောင်နဲ့ ဂျက်ဆီတို့ရဲ့ လူမှုရေး အရှုပ်အရှင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ပုံလေးကို ဟာသ နှောပြီးရိုက်ကူးထားတဲ့ သူ့ရဲ့ ဗီဒီယိုလေးကို အေးမင်းဟိန်းတစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပ၇ိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ပြန်လည်မျှဝေပေးထားပါတယ် ။ ” နာမည်ကြီးနေတဲ့ မမ နဲ့ မောင်ဇိုးလေးရဲ့ CCTV မှ ပြောကြားချက်များ” *မျက်ရည်မခိုင်သူများ မကြည့်ပါနဲ့* ဆိုတဲ့စာသားနဲ့အတူ တေဇာလင်းရောင်ရဲ့ ပုံစံကိုယူပြီး ဟာသ အဖြစ်ရိုက်ကူးထားတာ ဖြစ်ပါတယ် ။

 

ပရိသတ်တွေကတော့ အမေ့ပေါင်ပေါ်မှာ ထိုင်ပြီး တကူးကူး ဆော့ခဲ့ဖူးလို့ပါဆိုတဲ့ စကားကို အရမ်းသဘောကျပြီး အားပေးနေကြတာ လည်း တွေ့ရပါတယ် ။ အေးမင်းဟိန်းကတော့ ထုံးစံအတိုင်း လူမှုကွန်ရက်စာမျက်နှာမှာ Trend ဖြစ်နေတဲ့ အကြောင်းရာတွေနဲ့ ဟာသ လုပ်လေ့ရှိတဲ့ သူ့ရဲ့ညဉ်အတိုင်း အခု Trend ဖြစ်နေတဲ့ The Model Academy ရဲ့ ဖြစ်ရပ်လေးကို ဟာသ အနေနဲ့ ပရိသတ်ကို ပြန်လည်တင်ဆက်လိုက်တာ ဖြစ်ပါတယ် ။ Cele Connection ပရိသတ်ကြီးလည်း ရောမောနိုင်ကြဖို့ အခုပဲ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

 

 

Source : Aye Min Hein
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!