Source – Phyu Phyu Htwe
Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်း အပြုံးမပျက်ဆက်လက်ကြိုးစားနေတဲ့ ဖြူဖြူထွေး
ဖြူဖြူထွေးဟာ ဒဂုံတက္ကသိုလ်ကျောင်းကပွဲတစ်ခုကနေ လူအများရဲ့သတိပြုမိခြင်းကိုခံရပြီး
အချိန်တိုအတွင်းအောင်မြင်လာသူလေးပါ။ သူမရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ ဖော်ရွေတဲ့စိတ်ထားလေးကြောင့်
သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း အလွန်များပြားလျက်ရှိနေပါပြီ။ ချစ်ခြင်းနဲ့မုန်းခြင်းဟာ အမြဲဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း သူမအပေါ်ချစ်တဲ့သူတွေရှိသလို မလိုလားတဲ့သူတွေလည်းရှိပါတယ်။
ဖြူဖြူထွေးကတော့ သူမအပေါ်ဝေဖန်သံများကို အသက်အရွယ်နဲ့မမျှအောင်ကြုံတွေ့ခံစားနေရပေမယ့်လည်း
အပြုံးမပျက်ကြံံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါတယ်။ သူမရဲ့ဇာတိရပ်ရွာမှာလည်း အလှူအတန်းတွေ တတ်အားသ၍
လုပ်ဆောင်နေတယ်ဆိုတာလည်း ပရိသတ်တွေအားလုံးအသိပါ။ “သူမအနေနဲ့ခေါက်ဆွဲခြောက်ပဲစားချင်စားရပါစေ။ တစ်ခြားသူတွေကိုတော့ ပေးကမ်းစွန့်ကြဲချင်တယ်” လို့လည်း
သူမရဲ့အရိုးခံစိတ်ထားလေးနဲ့ ပရိသတ်တွေကိုပြောပြထားပါသေးတယ်။
ဖြူဖြူထွေးတစ်ယောက် ဝေဖန်မှုတွေကိုလည်း အပြုံးမပျက်ဆက်လက်ရင်ဆိုင်နိုင်ပြီး အောင်မြင်မှုတွေလည်း
ဆက်လက်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖြူစင်တဲ့စိတ်ထားလေးနဲ့ အလှူအတန်းရက်ရောတဲ့ ဖြူဖြူထွေးရဲ့အလှပုံရိပ်လေးတွေကိုလည်း Cele Connections မှ ပရိသတ်ကြီးအတွက် အခုပဲမျှဝေပေးလိုက်မယ်နော်။
Source – Phyu Phyu Htwe
Lavender
error: Alert: Content is protected !!