မော်ဒယ်အကယ်ဒမီရဲ့ နောက်ကွယ်က အကြောင်းအရာတချို့ ကို အလင်းပြလိုက်တဲ့ ဇူကီ

ဇူကီ လို့ နာမည်ကြားလိုက်တာနဲ့ တောင့်တင်းတဲ့ ဘော်ဒီ ၊ ထူးခြားတဲ့ အရပ်တို့ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်အကယ်ဒမီပြိုင်ပွဲဝင်ဆိုတာ ပြေးမြင်မိကြမှာပါ။ ဇူကီတစ်ယောက် မော်ဒယ်အကယ်ဒမီ ရဲ့ စင်နောက်က တချို့အကြောင်းအရာတွေကို အင်တာဗျူးကနေတဆင့် ဖွင့်ချခဲ့ပါတယ်။

 

ဇူကီ ရဲ့ စကားအရ မော်ဒယ်အကယ်ဒမီဟာ ဇာတ်ညွှန်းကြီးနဲ့ သွားထားတာမဟုတ်ဘူး လို့ဆိုပါတယ်။ဇူကီကတော့ မော်ဒယ်အကယ်ဒမီရဲ့ စင်နောက်က အချက်အလက်တချို့ ကို ပညာသားပါပါ ဖွင့်ချခဲ့သေးတာပါ ။ မနက်ဖြန်လို ပြိုင်မယ်ဆို ဒီလိုညကျမှ ပြိုင်မယ့်အကြောင်းအရာကို အသိပေးတာကြောင့် သူ့လို နယ်ကလာတဲ့ အစိမ်းသက်သက် တစ်ယောက် အတွက် အဆင်မပြေဖြစ်ခဲ့ရတာတွေရှိတယ်။ စိန်ခေါ်မှုတစ်ခုချင်းစီကို ပြုလုပ်ရာမှာလည်းအစဘယ်လို လမ်းလျှောက်ရမယ် ဆိုတာက သေချာသင်ကြားပြသပေးတာတွေ မရှိခဲ့ဘူးလို့ အင်တာဗျူးမှာဖွင့်ချခဲ့တာပါ ။

 

တေဇလင်းရောင် ရဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ” မနေ့ညက ဂယက်က အရမ်းကြီး မားသွားတယ်။Camp တစ်ခုမှာ ချစ်တာ ကြိုက်တာ ကန့်သတ်ထားတာ မရှိဘူး။ ဖြစ်လာတဲ့ ပြဿနာ က အရမ်းကြီးတော့ဒီကိစ္စက အပြင်ထွက်သွားရင် သူတို့မှာမိဘ အသိုင်းအဝိုင်းရှိနေတော့ လူတွေ ရဲ့ အတွေးကို ထိပ်ဆုံးထိ တွေးမှာ မလိုလားဘူး”ဆိုပြီးလည်း ဖြေဆိုခဲ့ပါတယ်။ ပရိသတ်ကြီးရေ အခုလို ပြိုင်ပွဲကြီးရဲ့နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေဆက်ရှိနေနိုင်သေးလည်း မှတ်ချက်ကနေ ခန့်မှန်းပေးခဲ့ကြပါဦး။

Source – 8Days TV
Jasmine

error: Alert: Content is protected !!