ဘဝရဲ႕ အခက္ခဲဆုံးအခ်ိန္ေတြမွာ အတူရွိေနေပးခဲ့လို႔ ခင္ပြန္းျဖစ္သူကိုေက်းဇူးတင္စကားဆိုခဲ့တဲ့ စမိုင္းလ္

ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ စမိုင္းလ္ တစ္ေယာက္ကေတာ့ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလးတစ္ခုကို ပိုင္ဆိုင္ခြင့္ရထားတဲ့ ကံေကာင္းတဲ့ အမ်ိဳးသမီးေလး တစ္ေယာက္ပါပဲ ပရိသတ္ႀကီးေရ ..။ လိမၼာေရးျခားရွိတဲ့ သမီး ႏွစ္ေယာက္နဲ႔အတူ သူမကို အရမ္းခ်စ္တဲ့ခင္ပြန္းသည္ကို ပိုင္ဆိုင္ခြင့္ရထားျပီး အားက်ေနၾကတဲ့ ပရိသတ္ေတြလည္း အမ်ားအျပားပါပဲ ေနာ္ ။ အခုလိုေပ်ာ္႐ႊင္ၿပီး ျပည့္စုံတဲ့ဘဝတစ္ခုမရခင္မွာေတာ့ အခက္ခဲေတြကို အတူတူလက္တြဲမျဖဳတ္စတမ္း ႀကိဳးစား႐ုန္းကန္ခဲ့ၾကရတာပါ ။ ေအာင္ျမင္ခ်ိန္မွာေရာ က်ရႈံးခ်ိန္ေတြမွာပါ တြဲလက္မျဖဳတ္ဘဲ အတူတူ ရင္ဆိုင္ျဖတ္သန္း ခဲ့ၾကတာကိုၾကည့္႐ုံနဲ႔ သူမတို႔ ဇနီးေမာင္ႏွံရဲ႕ ခ်စ္ျခင္းေမတၱာအတိမ္အနက္ကို ခန႔္မွန္းလို႔ရမွာပါ ။

 

 

 

 

ေအာက္တိုဘာလ ၂၂ ရက္ေန႔ကေတာ့ စမိုင္းလ္ရဲ႕ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္ရဲ႕ အသက္ ၃၈ ႏွစ္ျပည့္ ေမြးေန႔ေလးျဖစ္ၿပီး စမိုင္းလ္က ” ေက်းဇူးပါေမာင္ စိတ္ဓါတ္ေတြက်ေနတဲ့အခ်ိန္ ေဘးမွာအၿမဲ မားမားမတ္မတ္ရပ္တည္ေပးခဲ့တဲ့သူဘဝမွာစိတ္ညစ္စရာေတြ ေပ်ာ္စရာေတြ အရာအားလုံးကို အတည္ၿငိမ္ဆုံးနဲ႔ဆုံးျဖတ္ေနေပးတဲ့ အတြက္ေက်းဇူးပါေမာင္ ..သင္ယူစရာေတြအမ်ားႀကီးရွိေသးတဲ့ခ်စ္ကိုယေန႔အထိစိတ္ရွည္ရွည္ခ်စ္ေပးတဲ့ အတြက္ေက်းဇူးပါေမာင္ ” ဆိုတဲ့စာသားေလးနဲ႔အတူ ခင္ပြန္းျဖစ္သူကို ခ်စ္စဖြယ္ေမြးေန႔ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္ ။

 

 

 

 

 

ပရိသတ္ေတြကလည္း သူမရဲ႕ခင္ပြန္းအတြက္ ေမြးေန႔ဆုေတာင္းေလးေတြလည္း ေရးေပးထားၾကသလို ဒီထက္မက လႉႏိုင္တန္းႏိုင္ပါေစလို႔လည္း ဆုမြန္ေကာင္းေတြ ေတာင္းေပးထားၾကတာေတြ႕ရပါတယ္ ။ ကိုျပည့္ေမာင္တစ္ေယာက္ ေမြးေန႔မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ခ်စ္တဲ့မိသားစုနဲ႔အတူ ထာဝရေပ်ာ္႐ႊင္စြာ ေနထိုင္သြားႏိုင္ပါေစလို႔ Cele Connection မွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Source : Smile
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ အတူရှိနေပေးခဲ့လို့ ခင်ပွန်းဖြစ်သူကိုကျေးဇူးတင်စကားဆိုခဲ့တဲ့ စမိုင်းလ်

အမလေး ချစ်တတ်လိုက်ကြတာနော် ။

မော်ဒယ်လ် သရုပ်ဆောင် စမိုင်းလ် တစ်ယောက်ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ကံကောင်းတဲ့ အမျိုးသမီးလေး တစ်ယောက်ပါပဲ ပရိသတ်ကြီးရေ ..။ လိမ္မာရေးခြားရှိတဲ့ သမီး နှစ်ယောက်နဲ့အတူ သူမကို အရမ်းချစ်တဲ့ခင်ပွန်းသည်ကို ပိုင်ဆိုင်ခွင့်ရထားပြီး အားကျနေကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ နော် ။ အခုလိုပျော်ရွှင်ပြီး ပြည့်စုံတဲ့ဘဝတစ်ခုမရခင်မှာတော့ အခက်ခဲတွေကို အတူတူလက်တွဲမဖြုတ်စတမ်း ကြိုးစားရုန်းကန်ခဲ့ကြရတာပါ ။ အောင်မြင်ချိန်မှာရော ကျရှုံးချိန်တွေမှာပါ တွဲလက်မဖြုတ်ဘဲ အတူတူ ရင်ဆိုင်ဖြတ်သန်း ခဲ့ကြတာကိုကြည့်ရုံနဲ့ သူမတို့ ဇနီးမောင်နှံရဲ့ ချစ်ခြင်းမေတ္တာအတိမ်အနက်ကို ခန့်မှန်းလို့ရမှာပါ ။

အောက်တိုဘာလ ၂၂ ရက်နေ့ကတော့ စမိုင်းလ်ရဲ့ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး စမိုင်းလ်က ” ကျေးဇူးပါမောင် စိတ်ဓါတ်တွေကျနေတဲ့အချိန် ဘေးမှာအမြဲ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့သူဘဝမှာစိတ်ညစ်စရာတွေ ပျော်စရာတွေ အရာအားလုံးကို အတည်ငြိမ်ဆုံးနဲ့ဆုံးဖြတ်နေပေးတဲ့ အတွက်ကျေးဇူးပါမောင် ..သင်ယူစရာတွေအများကြီးရှိသေးတဲ့ချစ်ကိုယနေ့အထိစိတ်ရှည်ရှည်ချစ်ပေးတဲ့ အတွက်ကျေးဇူးပါမောင် ” ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းဖြစ်သူကို ချစ်စဖွယ်မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း သူမရဲ့ခင်ပွန်းအတွက် မွေးနေ့ဆုတောင်းလေးတွေလည်း ရေးပေးထားကြသလို ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာတွေ့ရပါတယ် ။ ကိုပြည့်မောင်တစ်ယောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့မိသားစုနဲ့အတူ ထာဝရပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ Cele Connection မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Smile
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

error: Alert: Content is protected !!