ဖန္တစ္ေယာက္ရဲ႕မထင္မွတ္ထားတဲ့ Surprise ေၾကာင့္ အံ့ၾသားသင့္ခဲ့ရတဲ့ ထူးေအာင္

အမိုက္စား ေဘာ္ဒီ နဲ႔ ေယာက္်ားပီသတဲ့ခႏၶာကိုယ္ အခ်ိဳးအစားေတြေၾကာင့္ မိန္းကေလး ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ထူးေအာင္ကေတာ့ အမိုက္စား six pack ေတြနဲ႔ ညႇိဳ႕ယူဖမ္းစားထားတာပါ ။ လတ္တေလာမွာေတာ့ ဘဝတူ အႏုပညာသမားေတြကို Body Train ေပးေနတဲ့ Trainer တစ္ေယာက္ လည္း ျဖစ္ပါတယ္ ။ ကိုယ္ပိုင္ Body Fitness တစ္ခုကိုလည္း တည္ေထာင္ထားၿပီး အႏုပညာပိုင္းမွာေရာ fitness ပိုင္းမွာပါ အရည္အခ်င္းရွိတယ္အႏုပညာရွင္တစ္ေယာက္ပါ ။

 

ထူးေအာင္ကို ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြနဲ႕ အမာခံဖန္ေတြကလည္း အမ်ားအျပားပါပဲ ပရိသတ္ၾကီးေရ ..။ ရိုက္ကူးေရးကေန ျပန္လာတဲ့အခ်ိန္ ဟိုတယ္ Reception မွာ ထူးေအာင္ဖန္တစ္ေယာက္က အရုပ္ေလးတစ္ရုပ္ေပးထားခဲ့လို႕ မန္ေနဂ်ာကို အခန္းထဲထည္႕ထားေပးပါလုိ႕ မွာျပီး နွစ္ရက္ေလာက္ အရုပ္ကိုေသခ်ာမၾကည္႕မိဘူးလို႕ ထူးေအာင္က ဆိုပါတယ္ ။ တစ္ရက္မွာေတာ့ အရုပ္ကို သတိထားမိျပီးၾကည္႕လိုက္တဲ့အခ်ိန္မွာေတာ့ . ” I’m always be your fan My Idol open my heart pls “လို႕ေရးထားတဲ့ စာေလးေၾကာင့္ အရုပ္ရဲ႕ ရင္ဘတ္ကို ခြဲၾကည္႕လိုက္တဲ့အခါမွာေတာ့ iPhone 11 Pro Max 512 GB ေနာက္ဆံုးေပၚ အုိင္ဖုန္းျဖစ္ေနတာေၾကာင့္ အံ့ၾသားသင့္ျပီး ေပ်ာ္ခဲ့ရတယ္လို႕ထူးေအာင္က ေျပာျပခဲ့ပါတယ္ ။

 

ဒါေပမယ့္ ထူးေအာင္က iPhone 11 Pro Max 512 GB ကို လက္ေဆာင္ရတဲ့ အေရာင္အတုိင္း တစ္လံုးမွာထားျပီးသားျဖစ္တဲ့ အတြက္ ဖန္ေလး ေပးတဲ့ လက္ေဆာင္ကိုသာ ကိုင္မွာျဖစ္ျပီး သူ႕ဖုနး္ကိုေတာ့ ျပန္ေရာင္းလိုက္ေတာ့မယ္လုိ႕ ပရိသတ္ေတြကို စေနာက္ေနခဲ့တာပါ ။ သူ႕အတြက္ေတာ့ တန္ဖိုးနည္းတာ တန္ဖိုးၾကီးတာ အဓိက မဟုတ္ဘဲ ပရိသတ္ေတြရဲ႕ ေပးခ်င္တဲ့စိတ္ေစတနာနဲ႔ သူ႕ကိုအားေပးတဲ့အရာတစ္ခုကို သိလိုက္ရတဲ့အခ်ိန္မွာ ခြန္အားျဖစ္ပါတယ္လို႕လည္း ေျပာျပခဲ့တာျဖစ္ပါတယ္ ။

Source : MC
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖန်တစ်ယောက်ရဲ့မထင်မှတ်ထားတဲ့ Surprise ကြောင့် အံ့သြားသင့်ခဲ့ရတဲ့ ထူးအောင်

အမိုက်စား ဘော်ဒီ နဲ့ ယောက်ျားပီသတဲ့ခန္ဓာကိုယ် အချိုးအစားတွေကြောင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ထူးအောင်ကတော့ အမိုက်စား six pack တွေနဲ့ ညှို့ယူဖမ်းစားထားတာပါ ။ လတ်တလောမှာတော့ ဘဝတူ အနုပညာသမားတွေကို Body Train ပေးနေတဲ့ Trainer တစ်ယောက် လည်း ဖြစ်ပါတယ် ။ ကိုယ်ပိုင် Body Fitness တစ်ခုကိုလည်း တည်ထောင်ထားပြီး အနုပညာပိုင်းမှာရော fitness ပိုင်းမှာပါ အရည်အချင်းရှိတယ်အနုပညာရှင်တစ်ယောက်ပါ ။

ထူးအောင်ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေနဲ့ အမာခံဖန်တွေကလည်း အများအပြားပါပဲ ပရိသတ်ကြီးရေ ..။ ရိုက်ကူးရေးကနေ ပြန်လာတဲ့အချိန် ဟိုတယ် Reception မှာ ထူးအောင်ဖန်တစ်ယောက်က အရုပ်လေးတစ်ရုပ်ပေးထားခဲ့လို့ မန်နေဂျာကို အခန်းထဲထည့်ထားပေးပါလို့ မှာပြီး နှစ်ရက်လောက် အရုပ်ကိုသေချာမကြည့်မိဘူးလို့ ထူးအောင်က ဆိုပါတယ် ။ တစ်ရက်မှာတော့ အရုပ်ကို သတိထားမိပြီးကြည့်လိုက်တဲ့အချိန်မှာတော့ . ” I’m always be your fan My Idol open my heart pls “လို့ရေးထားတဲ့ စာလေးကြောင့် အရုပ်ရဲ့ ရင်ဘတ်ကို ခွဲကြည့်လိုက်တဲ့အခါမှာတော့ iPhone 11 Pro Max 512 GB နောက်ဆုံးပေါ် အိုင်ဖုန်းဖြစ်နေတာကြောင့် အံ့သြားသင့်ပြီး ပျော်ခဲ့ရတယ်လို့ထူးအောင်က ပြောပြခဲ့ပါတယ် ။

ဒါပေမယ့် ထူးအောင်က iPhone 11 Pro Max 512 GB ကို လက်ဆောင်ရတဲ့ အရောင်အတိုင်း တစ်လုံးမှာထားပြီးသားဖြစ်တဲ့ အတွက် ဖန်လေး ပေးတဲ့ လက်ဆောင်ကိုသာ ကိုင်မှာဖြစ်ပြီး သူ့ဖုန်းကိုတော့ ပြန်ရောင်းလိုက်တော့မယ်လို့ ပရိသတ်တွေကို စနောက်နေခဲ့တာပါ ။ သူ့အတွက်တော့ တန်ဖိုးနည်းတာ တန်ဖိုးကြီးတာ အဓိက မဟုတ်ဘဲ ပရိသတ်တွေရဲ့ ပေးချင်တဲ့စိတ်စေတနာနဲ့ သူ့ကိုအားပေးတဲ့အရာတစ်ခုကို သိလိုက်ရတဲ့အချိန်မှာ ခွန်အားဖြစ်ပါတယ်လို့လည်း ပြောပြခဲ့တာဖြစ်ပါတယ် ။

Source : MC
Molly

 

error: Alert: Content is protected !!