

 


 


Source : Chue Chue
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးနဲ့ tik tok ဆော့ခဲ့တဲ့ ခြူးလေး

 

MRTV-4 ဇာတ်လမ်းတွဲလေးတွေထဲက နေ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ တက်သစ်စ အနုပညာရှင်တွေ အများအပြားရှိပါတယ် ။ ခြူးလေးကတော့ ” ပဉ္စလတ်ရွာ ” ဇာတ်လမ်းတွဲက စိမ်းဝါ ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာလည်း အဓိကမင်းသမီးနေရာက ပါဝင်ရိုက်ကူးလာတာကို တွေ့ရပါတယ် ။ အဓိက ပရိသတ်တွေသူမကိုချစ်ခင် တဲ့ အချက်ကတော့ ချစ်စရာကောင်းတဲ့ tik tok လေးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။

ခြူးလေးကြောင့် Tik tok မဆော့တတ်ဘဲ သူမနဲ့အတူလိုက်ဆော့ပြီး Tik tok ပိုးဝင်ပြီး လိုက်ဆော့ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိခဲ့ပါတယ် ။ ချစ်စရာကောင်းပြီး အခွီပုံစံလေးတွေဆော့ တတ်တဲ့ သူမရဲ့ tik tok လေးတွေကို ပရိသတ်တွေအရမ်းကို အားပေးနေကြတာပါ ။ လတ်တလောမှာလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အောင်မင်းခန့်နဲ့အတူ Tik tok လေးတစ်ခု ဆော့ထားပြီး ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးထားတာ တွေ့ရပါတယ် ။ အောင်မင်းခန့် ကလည်း ” ငါ့ကို နောက်တစ်ခါ Tik Tok ဆော့ဖို့လာမခေါ်နဲ့ Ready ပဲ ” ဆိုတဲ့ မှတ်ချက်ကို ရေးသားထားတာ လည်း တွေ့ရပါတယ် ပရိသတ်ကြီးရေ ..။

အောင်မင်းခန့် တစ်ယောက်တော့ ခြူးလေး ကြောင့် Tik tok ဆော့ဖို့ ပိုးဝင်သွားပြီထင်ပါတယ် ပရိသတ်ကြီးရေ ..။ ခြူးလေး ရဲ့ Tik tok လေးကို အမြဲတမ်း အားပေးနေကြတဲ့ Cele Connection ပရိသတ်ကြီးအတွက် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော် အောင်မင်းခန့် နဲ့ tik tok Queen လေး ခြူးရဲ့ tik tok လေးကို အခုပဲ မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chue Chue
Molly

error: Alert: Content is protected !!