ပရိသတ်တွေရှေ့မှာ သူ့ရဲ့အားနည်းချက်ကို ထုတ်ပြခဲ့တဲ့ ကိုယ်စောင့်နတ်သီချင်းပိုင်ရှင် ဖိုးပြည့်


 


 


Source : Phoe Pyae
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်တွေေရှေ့မှာ သူ့ရဲ့အားနည်းချက်ကို ထုတ်ပြခဲ့တဲ့ ကိုယ်စောင့်နတ်သီချင်းပိုင်ရှင် ဖိုးပြည့်

ကိုယ်စောင့်နတ် သီချင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ တေးသံရှင် ဖိုးပြည့်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ် ပရိသတ်ကြီးရေ ..။ ” ကိုယ်စောင့်နတ် ” ဆိုတဲ့ ပထမဆုံးအ ခွေမှာ လူကြိုက်များခဲ့တဲ့ တေးသံရှင်ဖြစ်သလို လတ်တလောမှာလည်း သူ့ရဲ့ပထမ အခွေ မှာအများကြီးကူညီပေးခဲ့တဲ့ သအိုရဲ့ ” အိုအေစစ် ” ခွေလေးအတွက် ပြန်လည်ကူညီပေးနေတယ်လို့သိရပါတယ် ။နောက်ပိုင်းမှာနယ် ရှိုးတွေလည်း အများအပြား လက်ခံသီဆိုနေတာ ဖြစ်လို့ ပရိသတ်တွေနဲ့ မစိမ်းနေပါဘူးနော် ။

လတ်တလော အခြေနေမှာတော့ ဖိုးပြည့်တစ်ယောက် ” အဖြစ်က ဒီလိုပဲဗျာ … ခုမှပီးတယ်
ပြန်မတတ်ရသေး ရက်ချိန်းယူထားတုန်း ဒါကြောင့် ဘော်ဒါတွေပွဲ ဖိတ်တာ မလာရောက်နိုင်တာ နောက်ကျတာတွေဖြစ်ကုန်တာ ကျနော့ပျက်ကွက်မှုအတွက် …ေ တာင်းပန်ရပါတယ် ဘော်ဒါတို့ ” ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့ ကျန်းမာရေးအရ သွားတွေ ပျက်စီးနေတဲ့အတွက် ပျက်ကွက်မှုတွေကို တောင်းပန်တဲ့အနေနဲ့ သူ့ရဲ့ အားနည်းချက်ကို ပရိသတ်ရှေ့ချပြခဲ့ရတာဖြစ်ပါတယ် ။

သူ့ရဲ့ပုံကိုအရှိကိုအရှိတိုင်းချပြခဲ့တဲ့အတွက် ရိုးဂုဏ်တွေကတော့ ချစ်စရာကောင်းတယ်ကွာလို့ သူ့ရဲ့ပရိသတ်တွေကလည်း မှတ်ချက်ပေးထားတာတွေ့ရပါတယ် ။ ကိုယ်စောင့်နတ် သီချင်းဖန်တီးရှင် အဆိုတော် ဖိုးပြည့်တင်ထားတဲ့ ပုံရိပ်တွေကို အခုပဲ ပြန်လည်မျှဝေပးလိုက်ပါတယ်နော် ။

Source : Phoe Pyae
Molly

 

error: Alert: Content is protected !!