ထီေပါက္မွလွဴမယ့္လူမဟုတ္ဘူးလို႔ေၾကြးေၾကာ္လိုက္တဲ့ ထာ၀ရခရီးသည္ ထူးအယ္လင္း

ထီေပါက္မွလွဴမယ့္လူမဟုတ္ဘူးလို႔ေၾကြးေၾကာ္လိုက္တဲ့ ထာ၀ရခရီးသည္ ထူးအယ္လင္း

ထူးအယ္လင္းဘာေတြလွဴဒါန္းခဲ့ပါလိမ့္

ပရိသတ္မ်ားနဲ႔ေျပာဆုိဆက္ဆံရာမွာ ပြင့္ပြင့္လင္းလင္းေျပာတတ္တဲ႔ အႏုပညာရွင္ေတြထဲမွာ အဆုိေတာ္ထူးအယ္လင္းဟာလည္း တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။ သူ႔ရဲ႕သီခ်င္းေတြဟာလည္း ႏွစ္ေပါင္းမ်ားစြာတုိင္ ပရိသတ္အားေပးမႈကုိ္ အခုိင္အမာရရွိထားဆဲပါ။ သူဟာ အဆုိေတာ္ယုန္ေလးႏွင့္အတူ Special 9 ႐ုပ္ရွင္ဇာတ္ကားတြင္လည္း ပါ၀င္သ႐ုပ္ေဆာင္ထားပါေသးတယ္။

 

 

အခုလတ္တေလာကာလေတြမွာလည္း သူ႔ရဲ႕အလွဴအတန္းျပဳတာေတြေၾကာင့္ သူ႔ကုိခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း ၾကည္ႏူးပီတိျဖစ္ေနၾကပါတယ္။ ျမန္မာႏုိင္ငံေဒသအႏွံ႔အျပားသုိ႔သြားေရာက္ၿပီး ကထိန္အလွဴမ်ားျပဳလုပ္ေနတာဟာလည္း မြန္ျမတ္လွတဲ့ကုသုိလ္ပါ။ “ရင္ထဲပါလည္း လွဴတယ္ ရင္ထဲမပါလည္းလွဴတယ္ လွဴခ်င္တာအဓိကပဲ… ဒါနပါရမီျဖည့္တယ္လုိ႔ေခၚတယ္” ဆုိတဲ႔စာသားနဲ႔အတူ သူ႔ရဲ႕လူမွုကြန္ရက္စာမ်က္ႏွာေပၚမွာ အလွဴဒါနေတြနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ခံယူခ်က္ေတြကုိ ပရိသတ္ေတြကုိမွ်ေ၀ထားပါေသးတယ္။ ေသမင္းအလည္လာတဲ့တစ္ေန႔ မင္းရင္ထဲပါပါမပါပါ လက္ခံရမွာပဲေမ့မေနနဲ႔ ဟုတ္ၿပီလားလုိ႔လည္း သတိေပးစကားဆုိထားပါေသးတယ္။

 

 

 

“ေသရင္ ကိုယ့္ေနာက္ပါမွာ ဒါန သီလ ဘာဝနာပဲရွိမယ္… သတိထား
ထီေပါက္မွလႉမယ့္လူမဟုတ္ဘူး တစ္က်ပ္ရွိရင္ တစ္မတ္သြားလႉမယ္ ။
ႂကြယ္လိုက္ရင္ ေလာကုတၱရာဆိုတာႀကီးပဲ
တကယ္တတ္သိတာက တစ္က်ပ္မျပည့္ဘူး” … လို႔လည္းေရးသားထားပါေသးတယ္။
ျပည္သူခ်စ္အဆုိေတာ္ ထာ၀ရခရီးသည္ထူးအယ္လင္းရဲ႕ မြန္ျမတ္လွတဲ့အလွဴဒါနပုံရိပ္တခ်ိဳ႕ကုိ မွ်ေ၀ေပးလိုက္ပါတယ္ေနာ္။ Cele Connections ပရိသတ္ႀကီးလည္း ထူးအယ္လင္းရဲ႕အလွဴအတြက္ သာဓုေခၚခဲ့ၾကပါဦး။

 

 

Source_ Htoo El Lynn
Lavender

ယူနီကုဒ္

ထီပေါက်မှလှူမယ့်လူမဟုတ်ဘူးလို့ကြွေးကြော်လိုက်တဲ့ ထာဝရခရီးသည် ထူးအယ်လင်း

ထူးအယ်လင်းဘာတွေလှူဒါန်းခဲ့ပါလိမ့်

ပရိသတ်များနဲ့ပြောဆိုဆက်ဆံရာမှာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်ထူးအယ်လင်းဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေဟာလည်း နှစ်ပေါင်းများစွာတိုင် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားဆဲပါ။ သူဟာ အဆိုတော်ယုန်လေးနှင့်အတူ Special 9 ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အခုလတ်တလောကာလတွေမှာလည်း သူ့ရဲ့အလှူအတန်းပြုတာတွေကြောင့် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့အပြားသို့သွားရောက်ပြီး ကထိန်အလှူများပြုလုပ်နေတာဟာလည်း မွန်မြတ်လှတဲ့ကုသိုလ်ပါ။ “ရင်ထဲပါလည်း လှူတယ် ရင်ထဲမပါလည်းလှူတယ် လှူချင်တာအဓိကပဲ… ဒါနပါရမီဖြည့်တယ်လို့ခေါ်တယ်” ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အလှူဒါနတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်တွေကို ပရိသတ်တွေကိုမျှဝေထားပါသေးတယ်။ သေမင်းအလည်လာတဲ့တစ်နေ့ မင်းရင်ထဲပါပါမပါပါ လက်ခံရမှာပဲမေ့မနေနဲ့ ဟုတ်ပြီလားလို့လည်း သတိပေးစကားဆိုထားပါသေးတယ်။

“သေရင် ကိုယ့်နောက်ပါမှာ ဒါန သီလ ဘာဝနာပဲရှိမယ်… သတိထား
ထီပေါက်မှလှူမယ့်လူမဟုတ်ဘူး တစ်ကျပ်ရှိရင် တစ်မတ်သွားလှူမယ် ။
ကြွယ်လိုက်ရင် လောကုတ္တရာဆိုတာကြီးပဲ
တကယ်တတ်သိတာက တစ်ကျပ်မပြည့်ဘူး” … လို့လည်းရေးသားထားပါသေးတယ်။
ပြည်သူချစ်အဆိုတော် ထာဝရခရီးသည်ထူးအယ်လင်းရဲ့ မွန်မြတ်လှတဲ့အလှူဒါနပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ Cele Connections ပရိသတ်ကြီးလည်း ထူးအယ်လင်းရဲ့အလှူအတွက် သာဓုခေါ်ခဲ့ကြပါဦး။

Source_ Htoo El Lynn
Lavender

error: Alert: Content is protected !!