ဂမၻီရမ်က္လုံးကိုပဲ့ကိုင္သူထံ လာေရာက္ဂါရဝျပဳၾကတဲ႔ ဒိတ္ဒိတ္ႀကဲမင္းသားမင္းသမီးႏွစ္ေယာက္

ဒါ႐ိုက္တာေက်ာ္သူဟာ အႏုပညာေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ ေအာင္ျမင္မႈေတြရရွိေနတဲ့အျပင္ ပရဟိတအလုပ္ေတြမွာလည္း သူမတူေအာင္စြမ္းေဆာင္ႏိုင္သူတစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ ေျပာင္ေျမာက္လွတဲ့ သ႐ုပ္ေဆာင္မႈေတြကို ပရိသတ္ေတြရင္ထဲ ထိုးေဖာက္ဝင္ေရာက္ေအာင္ တင္ဆက္ႏိုင္သလိုပဲ ႐ုပ္ရွင္ဇာတ္ကားပုံေဖာ္ဖန္တီးရာမွာလည္း ထူးခြၽန္တဲ့ဒါ႐ိုက္တာေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

 

 

 

လတ္တေလာမွာလည္း သူဖန္တီးပုံေဖာ္ထားတဲ့ ဂမၻီရမ်က္လုံးဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ ေ႐ႊသား(အလင္းေရာင္) ႏွင့္ ေ႐ႊသမီးတို႔က လာေရာက္ဂါရဝျပဳေၾကာင္းကိုလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန မွ်ေဝထားပါတယ္။ “႐ုပ္ရွင္ကားမွာ ေန႔စဥ္ရက္ဆက္ အပင္ပန္းခံ। မညီးမညဴ အႏုပညာရွင္မ်ားပီသစြာနဲ႔ ဇာတ္ေကာင္စ႐ိုက္အတိုင္းသ႐ုပ္ေဆာင္ေပးခဲ့တဲ့ ကြၽန္ေတာ္ရဲ႕တန္ဖိုးထားခ်စ္ခင္ခဲ့ရေသာ ေ႐ႊသား( အလင္းေရာင္) ႏွင့္ ေ႐ႊသမီး တို႔ ႏွစ္ဦးယေန႔ နံနက္တြင္ နာကူ(ရန္ကုန္) သို႔လာေရာက္ကာ ဂါရဝတရားေရွ႕ထား ကန္ေတာ့ပန္းဆင္ခဲ့ပါသည္” လို႔ေရးသားထားပါတယ္။

 

 

“ အလင္းေရာင္ႏွင့္ ေ႐ႊသမီး တို႔ အႏုပညာေလာကမွာ ဆရာေကာင္းသမားေကာင္းမ်ားျဖင့္သာႀကဳံဆုံခြင့္ရရွိကာ ပရိသတ္ရဲ႕အထူးအားေပးမႈကိုလက္ခံရရွိၿပီး အေအာင္ျမင္ဆုံးသရဖူမ်ားထပ္ခါထပ္ခါဆြတ္ခူးႏိုင္ၾကပါေစ” လို႔လည္း ဆုေတာင္းစကားဆိုထားပါေသးတယ္။ ပရဟိတဖခင္ႀကီးထံလာေရာက္ ဂါရဝျပဳၾကတဲ့ ေ႐ႊသားနဲ႔ေ႐ႊသမီးတို႔ရဲ႕ပုံရိပ္ေလးေတြကိုလည္း Cele Connection ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္တယ္ေနာ္။

Source – Kyaw Thu
Lavender

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဂမ္ဘီရမျက်လုံးကိုပဲ့ကိုင်သူထံ လာရောက်ဂါရဝပြုကြသူများ

ဒါရိုက်တာကျော်သူဟာ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေရရှိနေတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း သူမတူအောင်စွမ်းဆောင်နိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေရင်ထဲ ထိုးဖောက်ဝင်ရောက်အောင် တင်ဆက်နိုင်သလိုပဲ ရုပ်ရှင်ဇာတ်ကားပုံဖော်ဖန်တီးရာမှာလည်း ထူးချွန်တဲ့ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာလည်း သူဖန်တီးပုံဖော်ထားတဲ့ ဂမ္ဘီရမျက်လုံးဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရွှေသား(အလင်းရောင်) နှင့် ရွှေသမီးတို့က လာရောက်ဂါရဝပြုကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မျှဝေထားပါတယ်။ “ရုပ်ရှင်ကားမှာ နေ့စဉ်ရက်ဆက် အပင်ပန်းခံ। မညီးမညူ အနုပညာရှင်များပီသစွာနဲ့ ဇာတ်ကောင်စရိုက်အတိုင်းသရုပ်ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့တန်ဖိုးထားချစ်ခင်ခဲ့ရသော ရွှေသား( အလင်းရောင်) နှင့် ရွှေသမီး တို့ နှစ်ဦး
ယနေ့ နံနက်တွင် နာကူ(ရန်ကုန်) သို့လာရောက်ကာ ဂါရဝတရားရှေ့ထား ကန်တော့ပန်းဆင်ခဲ့ပါသည်” လို့ရေးသားထားပါတယ်။

“ အလင်းရောင်နှင့် ရွှေသမီး တို့ အနုပညာလောကမှာ ဆရာကောင်းသမားကောင်းများဖြင့်သာကြုံဆုံခွင့်ရရှိကာ ပရိသတ်ရဲ့အထူးအားပေးမှုကိုလက်ခံရရှိပြီး အအောင်မြင်ဆုံးသရဖူများထပ်ခါထပ်ခါဆွတ်ခူးနိုင်ကြပါစေ” လို့လည်း ဆုတောင်းစကားဆိုထားပါသေးတယ်။ ပရဟိတဖခင်ကြီးထံလာရောက် ဂါရဝပြုကြတဲ့ ရွှေသားနဲ့ရွှေသမီးတို့ရဲ့ပုံရိပ်လေးတွေကိုလည်း Cele Connection ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တယ်နော်။

Source – Kyaw Thu
Lavender

error: Alert: Content is protected !!