ဆိတ္နာအသံနဲ႔လို႔ ေဝဖန္ေနတဲ့ ပရိသတ္ေတြကို တုံ႔ျပန္လိုက္တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္ Brown ေခၚ ျမတ္သူရေမာင္

ဆိတ္နာအသံနဲ႔လို႔ ေဝဖန္ေနတဲ့ ပရိသတ္ေတြကို တုံ႔ျပန္လိုက္တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္ Brown ေခၚ ျမတ္သူရေမာင္

ျမန္မာအိုင္ေဒါလ္မၿပိဳင္ဘဲ Gym မွာျပန္ၿပီး အေလးမေနတဲ့ …။

MRTV-4 မွာ ပရိသတ္အမ်ားဆုံး အားေပးၾကတဲ့ အစီစဥ္ကေတာ့ Myanmar Idol သီခ်င္းဆို ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္ ။ ျမန္မာႏိုင္ငံ က ဝါသနာပါၿပီး အိပ္မက္ေတြ အေကာင္အထည္ မေဖာ္ႏိုင္ေသးတဲ့ ႐ြက္ပုန္းသီး လူငယ္ ေလးေတြ အတြက္လမ္းဖြင့္ေပးလိုက္တဲ့ အစီစဥ္ဆိုလည္းမမွားပါဘူး ။ Season 1 ကေန Season 3 ထိ တကယ္ေတာ္ၿပီး အရည္အခ်င္းရွိတဲ့ လူငယ္ေတြကို အႏုပညာလမ္းေၾကာင္းေပၚ တင္ေပးႏိုင္ခဲ့တဲ့ အစီစဥ္တစ္ခုဆိုလည္းမမွားပါဘူး ။ အခုလက္ရွိမွာေတာ့ Myanmar Idol Season 4 အတြက္ အဆင့္ဆင့္ၿပိဳင္ပြဲဝင္ေနရၿပီ ျဖစ္ၿပီး ႐ြက္ပုန္းသီး လူငယ္ ဝါသနာရွင္ေတြ အမ်ားအျပားထြက္ေပၚလာခဲ့ပါတယ္ ။ အဲဒီထဲကမွ ဒိုင္တစ္ေယာက္ျဖစ္တဲ့ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္း ရဲ႕ အားေပးမႈအျပည့္ဝရရွိခဲ့တဲ့ Brown ေခၚ ျမတ္သူရေမာင္က ေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ ႀကဳံေတြ႕ေနရပါတယ္ ။

 

 

Brown အသံက အဲ့ေလာက္လည္း မဟုတ္ဘဲနဲ႔ Theatre round 2 ထိေရာက္လာတယ္။ မဲမဲေက်ာ္သိန္းနဲ႔ပလူးၿပီးအတန္းရွင္းရလာတာ လို႔ေဝဖန္တိုက္ခိုက္ေနၾကတာ ျဖစ္ပါတယ္ ။ အဖြဲ႕လိုက္ၿပိဳင္တဲ့ မင္းရဲ႕အရိပ္ေလး ဆိုတဲ့သီခ်င္းမွာလည္း Brown အသံက အဆိုးဆုံးျဖစ္ၿပီး သတ္စားကာနီးဆိတ္ႀကီး ေအာ္ေနသလိုပဲလို႔ ေရးသားထားၾကတာပါ ။ ” Gym ျပန္ၿပီး အေလးပဲ မေနစမ္းပါကြာ MM idol တက္ၿပိဳင္မေနနဲ႔ ဆိတ္နာႀကီး အသံနဲ႔ က်က္သေရတုံးတယ္ ” လို႔ေရးသားေဝဖန္ထားတဲ့အေပၚ Brown က အဲ့လိုေတြ စိတ္အေႏွာက္အယွက္ ျဖစ္ေစခဲ့ရင္ ေတာင္းပန္ပါတယ္ဗ်ာ… ဝါသနာပါတာကို လက္လွမ္းမီသေလာက္ႀကိဳးစားၾကည့္တာပါဗ်ာ လို႔ျပန္လည္တုံ႔ျပန္လိုက္တာျဖစ္ပါတယ္ ပရိသတ္ႀကီးေရ ..။

 

 

 

” Brother တို႔ ဗလႀကီးလို႔အျမင္မၾကည္တဲ့ ခ်ာတိတ္က ေပါင္တစ္ရာမျပည့္လို႔ ဗိုလ္သင္တန္းတက္ခ်င္တာေတာင္ မေအာင္တဲ့စာသင္ခန္းထဲမွာ အေသးေလးလို႔ေခၚခံရတဲ့ခ်ာတိတ္ပါ ေနာက္ထပ္စိတ္အေႏွာက္ယွက္ျဖစ္စရာက်န္ေသးတာမို႔ႀကိဳပီးေတာင္းပန္ထားပါတယ္ဗ် ” လို႔ယဥ္ေက်းစြာ ပရိသတ္ကို တုံ႔ျပန္စာေလး ေရးသားခဲ့တာျဖစ္ပါတယ္ ။ Brown ကိုအားေပးတဲ့ ပရိသတ္ေတြကေတာ့ ေဝဖန္တာေတြဂ႐ုမစိုက္ဘဲ ဆက္လက္ႀကိဳးစားဖို႔ မွတ္ခ်က္ေပးထားၾကတာေတြ႕ရပါတယ္ ။

Source : A Nyo Yaung
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဆိတ်နာအသံနဲ့လို့ ဝေဖန်နေတဲ့ ပရိသတ်တွေကို တုံ့ပြန်လိုက်တဲ့ Myanmar Idol ပြိုင်ပွဲဝင် Brown ခေါ် မြတ်သူရမောင်

MRTV-4 မှာ ပရိသတ်အများဆုံး အားပေးကြတဲ့ အစီစဉ်ကတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံ က ဝါသနာပါပြီး အိပ်မက်တွေ အကောင်အထည် မဖော်နိုင်သေးတဲ့ ရွက်ပုန်းသီး လူငယ် လေးတွေ အတွက်လမ်းဖွင့်ပေးလိုက်တဲ့ အစီစဉ်ဆိုလည်းမမှားပါဘူး ။ Season 1 ကနေ Season 3 ထိ တကယ်တော်ပြီး အရည်အချင်းရှိတဲ့ လူငယ်တွေကို အနုပညာလမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့တဲ့ အစီစဉ်တစ်ခုဆိုလည်းမမှားပါဘူး ။ အခုလက်ရှိမှာတော့ Myanmar Idol Season 4 အတွက် အဆင့်ဆင့်ပြိုင်ပွဲဝင်နေရပြီ ဖြစ်ပြီး ရွက်ပုန်းသီး လူငယ် ဝါသနာရှင်တွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ် ။ အဲဒီထဲကမှ ဒိုင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း ရဲ့ အားပေးမှုအပြည့်ဝရရှိခဲ့တဲ့ Brown ခေါ် မြတ်သူရမောင်က တော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ ကြုံတွေ့နေရပါတယ် ။

Brown အသံက အဲ့လောက်လည်း မဟုတ်ဘဲနဲ့ Theatre round 2 ထိရောက်လာတယ်။ မဲမဲကျော်သိန်းနဲ့ပလူးပြီးအတန်းရှင်းရလာတာ လို့ဝေဖန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ် ။ အဖွဲ့လိုက်ပြိုင်တဲ့ မင်းရဲ့အရိပ်လေး ဆိုတဲ့သီချင်းမှာလည်း Brown အသံက အဆိုးဆုံးဖြစ်ပြီး သတ်စားကာနီးဆိတ်ကြီး အော်နေသလိုပဲလို့ ရေးသားထားကြတာပါ ။ ” Gym ပြန်ပြီး အလေးပဲ မနေစမ်းပါကွာ MM idol တက်ပြိုင်မနေနဲ့ ဆိတ်နာကြီး အသံနဲ့ ကျက်သရေတုံးတယ် ” လို့ရေးသားဝေဖန်ထားတဲ့အပေါ် Brown က အဲ့လိုတွေ စိတ်အနှောက်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်ဗျာ… ဝါသနာပါတာကို လက်လှမ်းမီသလောက်ကြိုးစားကြည့်တာပါဗျာ လို့ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။

” Brother တို့ ဗလကြီးလို့အမြင်မကြည်တဲ့ ချာတိတ်က ပေါင်တစ်ရာမပြည့်လို့ ဗိုလ်သင်တန်းတက်ချင်တာတောင် မအောင်တဲ့စာသင်ခန်းထဲမှာ အသေးလေးလို့ခေါ်ခံရတဲ့ချာတိတ်ပါ နောက်ထပ်စိတ်အနှောက်ယှက်ဖြစ်စရာကျန်သေးတာမို့ကြိုပီးတောင်းပန်ထားပါတယ်ဗျ ” လို့ယဉ်ကျေးစွာ ပရိသတ်ကို တုံ့ပြန်စာလေး ရေးသားခဲ့တာဖြစ်ပါတယ် ။ Brown ကိုအားပေးတဲ့ ပရိသတ်တွေကတော့ ဝေဖန်တာတွေဂရုမစိုက်ဘဲ ဆက်လက်ကြိုးစားဖို့ မှတ်ချက်ပေးထားကြတာတွေ့ရပါတယ် ။

Source : A Nyo Yaung
Molly

error: Alert: Content is protected !!