ပရိသတ္ေတြ ဂ႐ုဏာသက္ေနတဲ့ Jessi ရဲ႕စိတ္ခံစားခ်က္ကို ေျပာျပလာတဲ့ သႏၲာလႈိင္

ပရိသတ္ေတြ ဂ႐ုဏာသက္ေနတဲ့ Jessi ရဲ႕စိတ္ခံစားခ်က္ကို ေျပာျပလာတဲ့ သႏၲာလႈိင္

လတ္တေလာပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ TV program တစ္ခုကေတာ့ The Model Academy အစီစဥ္ပဲ ျဖစ္ပါတယ္ ။ မ်ိဳးဆက္သစ္ ဝါသနာရွင္ လူငယ္ေလးေတြကို ေျမေတာင္ေျမႇာက္ေပးေနတဲ့ ဒီအစီစဥ္ေလးမွာ ၿပိဳင္ပြဲဝင္ေတြ အားလုံးဟာ challenge ေတြ အမ်ားႀကီးကို ျဖတ္ေက်ာ္ၿပီး Winner ရဖို႔ ႀကိဳးစားေနၾကရတာပါ ။ Camp home မွာ အတူတူေနထိုင္ ေလ့က်င့္သင္ၾကားရင္း ေမာင္ႏွမ အရင္းေတြလို သူငယ္ခ်င္းအရင္းခ်ာေတြ ျဖစ္ခဲ့ၾကတဲ့ ၿပိဳင္ပြဲဝင္ေတြ ရဲ႕သံေယာဇဥ္ ကေတာ့ ပရိသတ္ေတြ ျမင္ေတြ႕ရတဲ့အတိုင္းပါပဲ ။

ခုေနာက္ဆုံးျပသခဲ့တဲ့ challenge မွာေတာ့ Camp home မွာ အတူတူေနရင္း သံေယာဇဥ္ တြယ္ၿပီး ခ်စ္သူေတြ ျဖစ္ခဲ့ၾကတဲ့ Jessi နဲ႔ ေတဇလင္းေရာင္တို႔ရဲ႕ လူမႈေရး ကိစၥေလးေတြကို ဒိုင္ေတြက ေမးျမန္းစစ္ေဆးခဲ့ရာကေန အေျခအတင္ျဖစ္ၿပီး on air ေပၚေရာက္လာတဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြအတြက္ ေဝဖန္စရာ ကိစၥေတြ ျဖစ္လာခဲ့ပါတယ္ ။ ဒီအျဖစ္အပ်က္ေၾကာင့္ Jessi ဟာ အရွက္ရခဲ့ၿပီး သူမကို ဂ႐ုဏာသက္ေနၾကတဲ့ ပရိသတ္ေတြ လည္း အမ်ားအျပားရွိလာခဲ့ပါတယ္ ။ ေတဇာ ကို ေဝဖန္ရႈံ႕ခ်ေနၾကတဲ့ ပရိသတ္ေတြ လည္း ရွိသလို ေတဇာဘက္ကရပ္တည္ေပးေနၾကတဲ့ ပရိသတ္ေတြလည္း ရွိေနခဲ့ပါတယ္ ။

ပရိသတ္ေတြ စိုးရိမ္ေနၾကတဲ့ Jessi ရဲ႕ စိတ္ခံစားခ်က္နဲ႔ ပတ္သက္ၿပီး ခုခ်ိန္မွာ အဆင္ေျပေနၿပီျဖစ္ၿပီး Show ၿပီးသြားတဲ့ေနာက္မွာလည္း သူမကိုယ္တိုင္သြားအားေပးခဲ့တဲ့အခါ မွာေတာ့ Jeesi ဟာ အေတာ္ရင့္က်က္တဲ့ မိန္းကေလး ျဖစ္ၿပီး ကိုယ့္ကိုယ္ ကိုခ်စ္တတ္တဲ့ ကိုယ့္ကိုယ္ ကိုထိန္းႏိုင္တဲ့ အမ်ိဳးသမီးေလး တစ္ေယာက္ပါလို႔ သႏၲာလႈိင္ က ေျပာျပခဲ့ပါတယ္ ။ ခုဆို ေနာက္ Challenge အတြက္ jessi တစ္ေယာက္ ႀကိဳးစားျပင္ဆင္ေနၿပီ ျဖစ္ၿပီး ပရိသတ္ေတြေရွ႕ကို စိတ္သစ္လူသစ္နဲ႔ ထပ္မံေရာက္ရွိလာေတာ့မွာ ျဖစ္လို႔ ေနာက္တစ္ပတ္ Challenge အတြက္ရင္ခုန္ရင္း Jessi အတြက္ အားေပးစကားေလးေတြ ေျပာေပး သြားပါဦးေနာ္ ။

Source: Cele 7
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေ ဂရုဏာသက်နေတဲ့ Jessi ရဲ့စိတ်ခံစားချက်ကို ပြောပြလာတဲ့ သန္တာလှိုင်

လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ TV program တစ်ခုကတော့ The Model Academy အစီစဉ်ပဲ ဖြစ်ပါတယ် ။ မျိုးဆက်သစ် ဝါသနာရှင် လူငယ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ ဒီအစီစဉ်လေးမှာ ပြိုင်ပွဲဝင်တွေ အားလုံးဟာ challenge တွေ အများကြီးကို ဖြတ်ကျော်ပြီး Winner ရဖို့ ကြိုးစားနေကြရတာပါ ။ Camp home မှာ အတူတူနေထိုင် လေ့ကျင့်သင်ကြားရင်း မောင်နှမ အရင်းတွေလို သူငယ်ချင်းအရင်းချာတွေ ဖြစ်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေ ရဲ့သံယောဇဉ် ကတော့ ပရိသတ်တွေ မြင်တွေ့ရတဲ့အတိုင်းပါပဲ ။

ခုနောက်ဆုံးပြသခဲ့တဲ့ challenge မှာတော့ Camp home မှာ အတူတူနေရင်း သံယောဇဉ် တွယ်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ Jessi နဲ့ တေဇလင်းရောင်တို့ရဲ့ လူမှုရေး ကိစ္စလေးတွေကို ဒိုင်တွေက မေးမြန်းစစ်ဆေးခဲ့ရာကနေ အခြေအတင်ဖြစ်ပြီး on air ပေါ်ရောက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေအတွက် ဝေဖန်စရာ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ် ။ ဒီအဖြစ်အပျက်ကြောင့် Jessi ဟာ အရှက်ရခဲ့ပြီး သူမကို ဂရုဏာသက်နေကြတဲ့ ပရိသတ်တွေ လည်း အများအပြားရှိလာခဲ့ပါတယ် ။ တေဇာ ကို ဝေဖန်ရှုံ့ချနေကြတဲ့ ပရိသတ်တွေ လည်း ရှိသလို တေဇာဘက်ကရပ်တည်ပေးနေကြတဲ့ ပရိသတ်တွေလည်း ရှိနေခဲ့ပါတယ် ။

ပရိသတ်တွေ စိုးရိမ်နေကြတဲ့ Jessi ရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ခုချိန်မှာ အဆင်ပြေနေပြီဖြစ်ပြီး Show ပြီးသွားတဲ့နောက်မှာလည်း သူမကိုယ်တိုင်သွားအားပေးခဲ့တဲ့အခါ မှာတော့ Jeesi ဟာ အတော်ရင့်ကျက်တဲ့ မိန်းကလေး ဖြစ်ပြီး ကိုယ့်ကိုယ် ကိုချစ်တတ်တဲ့ ကိုယ့်ကိုယ် ကိုထိန်းနိုင်တဲ့ အမျိုးသမီးလေး တစ်ယောက်ပါလို့ သန္တာလှိုင် က ပြောပြခဲ့ပါတယ် ။ ခုဆို နောက် Challenge အတွက် jessi တစ်ယောက် ကြိုးစားပြင်ဆင်နေပြီ ဖြစ်ပြီး ပရိသတ်တွေရှေ့ကို စိတ်သစ်လူသစ်နဲ့ ထပ်မံရောက်ရှိလာတော့မှာ ဖြစ်လို့ နောက်တစ်ပတ် Challenge အတွက်ရင်ခုန်ရင်း Jessi အတွက် အားပေးစကားလေးတွေ ပြောပေး သွားပါဦးနော် ။

Source: Cele 7
Molly

error: Alert: Content is protected !!