နိုင်ငံတော် အတိုင်ပင်ခံ နဲ့ စကားပြောဆိုခွင့်ရခဲ့တဲ့ ဖိုက်တာကြီး အောင်လအန်ဆန်း

ပရိသတ်ကြီးရေ ၊ မြန်မာတနိုင်ငံလုံး နှစ်ထောင်းအားရ အားပေးကြတဲ့ ပြည်သူ့အချစ်တော် အောင်လအန်ဆန်းတစ်ယောက်ဂျပန် နိုင်ငံမှာ လည်း ဆက်လက် အောင်ပွဲခံခဲ့တာပါ ။ အောင် လတစ်ယောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရခဲ့တယ်လို့ သိရပါတယ်

 

အောင်လအန်ဆန်း က “ကျွန်တော်တို့မိသားစုအတွက်အရမ်းနှစ်လိုဖွယ်ကောင်းတဲ့
အံအားသင့်ဖွယ်တွေ့ဆုံမှုတခုအဖြစ်..နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခွင့်ရခဲ့ပါတယ်.ကျွန်တော်တို့စကားလက်ဆုံကျနေရင်းနဲ့
ကျွန်တော်တသက်လုံးသိကျွမ်းရင်းနှီးလာတဲ့မိသားစုဝင်
တစ်ယောက်နဲ့စကားစမြည်ပြောနေရသလိုခံစားလာရပါတယ်..
အန်တီစုကအရမ်းသဘောကောင်းပြီးနှစ်လိုဖွယ်ကောင်းပါတယ်.
ကျွန်တော်မိသားစုအန်တီစုကိုလေးစားချစ်ခင်ပြီး.
အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက်
ဖြစ်အောင်ပိုပြီးစိတ်အားထက်သန်ဖို့အတွက်အားပေးစကား
တွေပြောပါတယ်.ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့ဂျပန်ခရီးစဉ်
အတွက်စိတ်လှုပ်ရှားဖွယ်အမှတ်ရစရာအခိုက်အတန့်ပါပဲ?
.ကျေးဇူးအထူးတင်ပါတယ်..အန်တီစု” ဆိုပြီးရေးသားထားတာပါ ။

 

ပရိသတ်ကြီးရေ ၊ အောင်လတစ်ယောက် အခုလိုနိုင်ငံတော် အတိုင်ပင်ခံနဲ့ စကားလက်ဆုံကျခွင့် ရတာ ကုသိုလ်ထူးတစ်ခုပါ ။ ကဲ မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။

Source – Aung La Nsang(Burmese Python)

 

error: Alert: Content is protected !!