ဒိတ္ဒိတ္ႀကဲအကယ္ဒမီဆုရွင္ သုံးဦးရဲ႕အားျပိဳင္မႈေတြကို ျမင္ေတြ႕ရမယ့္ Box No.88

ျမန္မာႏိုင္ငံမွာေအာင္ျမင္ ေက်ာ္ၾကားေနတဲ့ဒိတ္ဒိတ္ႀကဲ အကယ္ဒမီဆုရွင္ အႏုပညာရွင္ သုံးဦးတို႔ ပါဝင္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးကေတာ့ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာ ႐ုံတင္ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္ ။ ပါဝင္မယ့္အႏုပညာရွင္ေတြကေတာ့ ေနတိုး ၊ ထြန္းထြန္း နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ပဲ ျဖစ္ပါတယ္ ။ လက္ရွိ ျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ကေလးသူငယ္ အၾကမ္းဖတ္မႈေတြနဲ႔ ေၾကကြဲဖြယ္ျဖစ္ရပ္ေတြကို အေျခခံ႐ိုက္ကူးထားတာ ျဖစ္ၿပီး ပညာေပး ဒရမ္မာကား ေကာင္းတစ္ကားျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္ ပရိသတ္ႀကီးေရ .။

 

 

ကားနာမည္ကေတာ့ သတၱာအမွတ္ (၈၈) ျဖစ္ၿပီး ကေလးသူငယ္ေတြကို အၾကမ္းဖက္တဲ့ ကိစၥေတြကို ပေပ်ာက္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ႐ိုက္ကူးထားတာ ျဖစ္ၿပီး ဒီလိုအျဖစ္ဆိုးႀကီးကို ႏွဖူးေတြ႕ဒူးေတြ႕ ရင္ဆိုင္ႀကဳံေတြ႕လာရတဲ့အခါ ရင္နဲ႔လြယ္ေမြးခဲ့ရတဲ့ မိဘေတြရဲ႕ဒုကၡနဲ႔ ဒီလိုအျဖစ္အပ်က္ေတြကို ဥပေဒေဘာင္အတြင္းက ကိုင္တြယ္ေျဖရွင္းေပးေနတဲ့ တာဝန္ရွိသူမ်ားႏွင့္ သားသမီးေဇာ ကပ္ေနတဲ့ မိဘေတြၾကားကျပႆနာမ်ား စတာေတြကို Box No.88 မွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ႐ိုက္တာ ဝင္းလြင္ထက္က ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ၿပီး ေနတိုး၊ ထြန္းထြန္း၊ အိျႏၵာေက်ာ္ဇင္ ၊ သားညီ၊ ဂ်င္းနီ၊ ကရာဗီ၊ ေ႐ႊရင္ေအး၊ ႏွင္းေသြးယုေအာင္ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္ ။

 

ဇာတ္ၫြန္ ကေတာ့ ေနဟိန္းျဖစ္ၿပီး ဇာတ္ၫြန္းမြန္းမံ ကေတာ့ ျပည့္ေဇာ္ၿဖိဳး က အဓိက ပါဝင္အားျဖည့္ထားၾကတယ္လို႔လည္း သိရပါတယ္ ။ ဒီကားေလးကေတာ့ မိဘေမတၱာနဲ႔ ကေလးသူငယ္အၾကမ္းဖက္မႈကို ေပၚလြင္ေအာင္ပုံေဖာ္ထားတဲ့ ဒရမ္မာကားေလး ျဖစ္တဲ့အျပင္ နာမည္ႀကီး သုံးေယာက္ရဲ႕ သ႐ုပ္ေဆာင္အားၿပိဳင္မႈေတြကို ဒီကားထဲမွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္လို႔ Cele Connections ပရိသတ္ႀကီးကလည္း ႏိုဝင္ဘာလ ၁၇ ရက္ေန႔႐ုံတင္ရင္ သြားေရာက္အားေပးလိုက္ၾကပါဦးေနာ္ ။

Source : 7th Sense Creation
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဒိတ်ဒိတ်ကြဲအကယ်ဒမီဆုရှင် သုံးဦးပါဝင်မယ့် Box No.88

မြန်မာနိုင်ငံမှာအောင်မြင် ကျော်ကြားနေတဲ့ဒိတ်ဒိတ်ကြဲ အကယ်ဒမီဆုရှင် အနုပညာရှင် သုံးဦးတို့ ပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးကတော့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်တယ်လို့သိရပါတယ် ။ ပါဝင်မယ့်အနုပညာရှင်တွေကတော့ နေတိုး ၊ ထွန်းထွန်း နဲ့ အိန္ဒြာကျော်ဇင်တို့ပဲ ဖြစ်ပါတယ် ။ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကလေးသူငယ် အကြမ်းဖတ်မှုတွေနဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး ပညာပေး ဒရမ်မာကား ကောင်းတစ်ကားဖြစ်မယ်လို့ မျှော်လင့်ရပါတယ် ပရိသတ်ကြီးရေ .။

ကားနာမည်ကတော့ သတ္တာအမှတ် (၈၈) ဖြစ်ပြီး ကလေးသူငယ်တွေကို အကြမ်းဖက်တဲ့ ကိစ္စတွေကို ပပျောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးထားတာ ဖြစ်ပြီး ဒီလိုအဖြစ်ဆိုးကြီးကို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ရင်နဲ့လွယ်မွေးခဲ့ရတဲ့ မိဘတွေရဲ့ဒုက္ခနဲ့ ဒီလိုအဖြစ်အပျက်တွေကို ဥပဒေဘောင်အတွင်းက ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ တာဝန်ရှိသူများနှင့် သားသမီးဇော ကပ်နေတဲ့ မိဘတွေကြားကပြဿနာများ စတာတွေကို Box No.88 မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင် ၊ သားညီ၊ ဂျင်းနီ၊ ကရာဗီ၊ ရွှေရင်အေး၊ နှင်းသွေးယုအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။

ဇာတ်ညွန် ကတော့ နေဟိန်းဖြစ်ပြီး ဇာတ်ညွန်းမွန်းမံ ကတော့ ပြည့်ဇော်ဖြိုး က အဓိက ပါဝင်အားဖြည့်ထားကြတယ်လို့လည်း သိရပါတယ် ။ ဒီကားလေးကတော့ မိဘမေတ္တာနဲ့ ကလေးသူငယ်အကြမ်းဖက်မှုကို ပေါ်လွင်အောင်ပုံဖော်ထားတဲ့ ဒရမ်မာကားလေး ဖြစ်တဲ့အပြင် နာမည်ကြီး သုံးယောက်ရဲ့ သရုပ်ဆောင်အားပြိုင်မှုတွေကို ဒီကားထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်လို့ Cele Connections ပရိသတ်ကြီးကလည်း နိုဝင်ဘာလ ၁၇ ရက်နေ့ရုံတင်ရင် သွားရောက်အားပေးလိုက်ကြပါဦးနော် ။

Source : 7th Sense Creation
Molly

 

error: Alert: Content is protected !!