တာဝန်မယူရဲတဲ့စိတ်ကြောင့် မောင်းထုတ်ခံခဲ့တဲ့ The Model Academy က တေဇလင်းရောင်

ပရိသတ်ကြီးရေ ၊ အားလုံး စိတ်ဝင်စားကြတဲ့ The Model Academy အစီအစဉ်ဟာ အောင်မြင် တဲ့ မော်ဒယ် တွေကို မွေးထုတ်ပေးနေတာ နှစ်အတိုင်းအတာတစ်ခုရှိခဲ့ပါပြီ ။ အခုတစ်ခေါက်မှာတော့ ပြိုင်ပွဲဝင်တွေကြားထဲမှာ ဖြစ်နေတဲ့ အရှုပ်တော်ပုံတစ်ခုကို အစီအစဉ် ရိုက်ကူးထားတဲ့အချိန်မှာ ဒိုင်တွေက ဖွင့်ချခဲ့ကြတာပါ ။

ပြိုင်ပွဲဝင်တွေကို သီးသန့်ထားတဲ့ အိမ်မှာရှိတဲ့ CCTVမှတ်တမ်းတွေကနေတဆင့် ပြိုင်ပွဲဝင်ဂျက်ဆီ နဲ့ တေဇလင်းရောင်တို့ရဲ့ ရည်ငံနေတဲ့ မှတ်တမ်းတွေကို ဒိုင်တွေက ဖော်ထုတ်ခဲ့ကြတာပါ ။ ဂျက်ဆီကတော့ တေဇလင်းရောင် ကို နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ အကာအကွယ်ပေးခဲ့ပေမယ့် တေဇလင်းရောင်ကတော့ ရည်းစားမဟုတ်ကြောင်း နောက်ဆုံးအချိန်ထိ ငြင်းခဲ့တာလည်းဖြစ်ပါတယ်။ ဂျက်ဆီကတော့ မိန်းကလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာ ကို ကာကွယ်ဖို့ ဖြစ်ရပ်တစ်ခုလုံးကိုပြောဆိုခဲ့တာပါ။

တေဇလင်းရောင်ကတော့ ဂျက်ဆီကို အမတစ်ယောက်လိုသဘောထားပြီး ပွတ်သီးပွတ်သပ်နေခဲ့ခြင်း ပဲလို့ နောက်ဆုံးအချိန် ထိငြင်းဆိုခဲ့တာပါ ။ တေဇလင်းရောင်နဲ့ ဂျက်ဆီတို့ နှစ်ဦးသဘောတူနမ်းခဲ့တဲ့ဗီဒီယိုကို ဒိုင်တွေက နောက်ဆုံးမှာ ဖွင့်ကြည့်ခဲ့ကြပါတယ်။ ဂျက်ဆီ့ကို နောက်ဆုံးမှာ သူ့ရည်းစားကောင်မလေးနဲ့ မိတ်ဆက်ပေးလိုက်တယ်လို့လည်းသိရပါတယ် ။ စာရိတ္တမကောင်းလို့ ပညာသားပါပါ နှင်ထုတ်ခံခဲ့ရတဲ့ တေဇလင်းရောင် အတွက် မှတ်ချက်ကနေ တစ်ခုခုပြောပေးခဲ့ကြပါဦး ။

Source – Pyone Play
Jasmine

error: Alert: Content is protected !!