ဇာတ္ပို႕သရုပ္ေဆာင္ ေအာင္ေဇာ္မင္း ရဲ႕ သားေလးကြယ္လြန္

ေအာင္ေဇာ္မင္းကေတာာ့ ရုပ္ရွင္ေလာကမွာ ဇာတ္ပို႕သရုပ္ေဆာင္ တစ္ေယာက္အေနနဲ႕ ပရိသတ္ေတြ လက္ခံအားေပးေနၾကတဲ့ အႏုပညာရွင္ တစ္ေယာက္ပါ ။ ဟာသ ကားေတြမွာ ပိုင္နုိင္ေအာင္ သရုပ္ေဆာင္နုိင္ျပီး ပရိသတ္ကို အျမဲရယ္ေမာေပ်ာ္ရႊင္ေစတဲ့ ဟာသ သရုပ္ေဆာင္ ဇာတ္ပို႕တစ္ေယာက္ဆိုလည္း မမွားပါဘူး ။ ပရိသတ္ေတြရယ္ ေမာေအာင္ အျမဲတမ္း သရုပ္ေဆာင္ေနရတဲ့ ဇာတ္ပုိ႕တစ္ေယာက္ရဲ႕ဘ၀မွာ ပရိသတ္ေတြ မျမင္နုိင္တဲ့ မိသားစု အခက္ခဲေလးေတြေတာ့ရွိေနခဲ့ပါတယ္ ။

 

သားတစ္ေယာက္ သမီးတစ္ေယာက္ ေမြးထားေပမယ့္ သားျဖစ္သူကေတာ့ ပိုလီယိုဘ၀နဲ႔ရွင္သန္ေနရျပီး စကားလည္း မေျပာနိုင္ဘူးလုိ႕သိရပါတယ္ ။ ငုတ္တုတ္ေတာင္ ထိုင္လို႕မရဘဲ အျမဲတမ္း ပက္လက္အေနထားနဲ႔ ေနရတဲ့ ေမြးရာပါ ေရာဂါသည္ေလးတစ္ေယာက္ပါ ။ ျပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၉ ရက္ေန႕ကေတာ့ ဇာတ္ပို႕သရုပ္ေဆာင္ ေအာင္ေဇာ္မင္းရဲ႕ သားေလးက ဘ၀တစ္ပါးသို႕ကူးေျပာင္းကြယ္လြန္သြားခဲ့တယ္လုိ႕သိရပါတယ္ ။ ဇာတ္ပို႕သရုပ္ေဆာင္ ေဇာ္ေဇာ္ေအာင္ကလည္း ၀မ္းနည္းေၾကာင္း စာေလးကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားထားတာေတြ႕ရပါတယ္ ။

ပရိသတ္ေတြကလည္း မိသားစုနဲ႔ထပ္တူ ၀မ္းနည္းရပါတယ္လို႕ မွတ္ခ်က္ေပးေရးသားထားၾကပါတယ္ ။ ကံမေကာင္းအေၾကာင္းမလွလို႕ ေရာဂါေတြနဲ႔ လူ႕ေလာကထဲေရာက္ရွိလာခဲ့တဲ့ ေမာင္ေကာင္းေကာငး္ (သို႕) ၾကယ္စင္သန္႕ တစ္ေယာက္ လည္း ေကာင္းရာဘံု၀ကို ေရာက္ရွိပါေစလို႕ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္ေနာ္ ။ Cele Connection ပရိသတ္ေတြကလည္း မိသားစုနဲ႔ထပ္တူ ၀မ္းနည္းေနမယ္လို႕ထင္ပါတယ္ေနာ္ ။

Source : Zaw Zaw Aung
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်း ရဲ့ သားလေးကွယ်လွန်

အောင်ဇော်မင်းကတောာ့ ရုပ်ရှင်လောကမှာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ လက်ခံအားပေးနေကြတဲ့ အနုပညာရှင် တစ်ယောက်ပါ ။ ဟာသ ကားတွေမှာ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်ကို အမြဲရယ်မောပျော်ရွှင်စေတဲ့ ဟာသ သရုပ်ဆောင် ဇာတ်ပို့တစ်ယောက်ဆိုလည်း မမှားပါဘူး ။ ပရိသတ်တွေရယ် မောအောင် အမြဲတမ်း သရုပ်ဆောင်နေရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ဘဝမှာ ပရိသတ်တွေ မမြင်နိုင်တဲ့ မိသားစု အခက်ခဲလေးတွေတော့ရှိနေခဲ့ပါတယ် ။

သားတစ်ယောက် သမီးတစ်ယောက် မွေးထားပေမယ့် သားဖြစ်သူကတော့ ပိုလီယိုဘဝနဲ့ရှင်သန်နေရပြီး စကားလည်း မပြောနိုင်ဘူးလို့သိရပါတယ် ။ ငုတ်တုတ်တောင် ထိုင်လို့မရဘဲ အမြဲတမ်း ပက်လက်အနေထားနဲ့ နေရတဲ့ မွေးရာပါ ရောဂါသည်လေးတစ်ယောက်ပါ ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားလေးက ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ် ။ ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်ကလည်း ဝမ်းနည်းကြောင်း စာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်လို့ မှတ်ချက်ပေးရေးသားထားကြပါတယ် ။ ကံမကောင်းအကြောင်းမလှလို့ ရောဂါတွေနဲ့ လူ့လောကထဲရောက်ရှိလာခဲ့တဲ့ မောင်ကောင်းကောင်း (သို့) ကြယ်စင်သန့် တစ်ယောက် လည်း ကောင်းရာဘုံဝကို ရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ Cele Connection ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေမယ်လို့ထင်ပါတယ်နော် ။

Source : Zaw Zaw Aung
Molly

error: Alert: Content is protected !!