ခ်စ္စနိုးဦးကို ရိုမန္႕တစ္ဆန္ဆန္ လက္ထက္ခြင့္ေတာင္းခဲ့တဲ့ အဆိုေတာ္ဖိုးသား

ပရိသတ္ခ်စ္တဲ့ မင္းသမီးေခ်ာေလး ခ်စ္စနိုးဦးနဲ႔ ေတးေရး ေတးဆို ကိုဖိုးသားတို႕ကေတာ့ ခ်စ္သူသက္တမ္း ၆ႏွစ္ေက်ာ္မွာ ေရႊလက္တြဲဖို႕ ဆံုးျဖတ္ခဲ့ၾကတာပါ ။ ေအာက္တိုဘာလ ၁၆ ရက္ေန႕ကလက္မွတ္ထိုးပြဲ က်င္းပခဲ့ျပီး ေအာက္တိုဘာလ ၂၀ ရက္ေန႕မွာေတာ့ မဂၤလာဆြမ္းေကြ်းေလးတစ္ခု ျပဳလုပ္ခဲ့ပါတယ္ ။ မဂၤလာ ဘိတ္သိတ္ ပြဲကိုေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႕မွာ ျပဳလုပ္က်င္းပ မွာျဖစ္တယ္လို႕လည္းသိရပါတယ္။ နို၀င္ဘာလ ၂ ရက္ေန႕မွာေတာ့ နွစ္ဖက္အမ်ိဳးေတြနဲ႔မီဒီယာေတြကိုပါဖိတ္ၾကားျပီး Dinner ပြဲလုပ္မွာ ျဖစ္တယ္လို႕သိရပါတယ္ ။

 

 

မနွစ္ကတည္းကလက္ထပ္ခြင့္ ေတာင္းဖို႔စီစဥ္ေနခဲ့ေပမယ့္ တကယ္ေတာင္းျဖစ္သြားတာက ခ်စ္စနိုးဦးရဲ႕ ႔ေမြးေန႔က်မွေတာင္း ျဖစ္သြားတယ္လုိ႕ ကိုဖိုးသားက ေျပာျပခဲ့ပါတယ္ ။ ခ်စ္စနိုးဦးက ေမြးေန႕မွာ ရုပ္ရွင္ၾကည္႕ခ်င္တယ္လို႔ေတာင္းဆိုတာနဲ႔ပဲ ရုပ္ရွင္ရံုမွာလက္မွတ္ေတြႀကိဳဝယ္ထားျပီး သူမ မသိေအာင္အကုန္စီစဥ္ထားရပါတယ္တဲ့ ။ သူမ သူငယ္ခ်င္းေတြနဲ အမ်ိဳးေတြကိုသူမသိေအာင္ႀကိဳေခၚထားလိုက္ျပီး သူမသိေအာင္လုပ္တာဆိုေတာ့ အဓိက ရိပ္မိမွာကို စိတ္ပူခဲ့ပါတယ္တဲ့ ။ ခ်စ္စနိုးဦးကလည္း ေျခာက္နွစ္နီးပါးသမီးရည္းစားသက္တမ္းတေလ်ာက္လံုးတစ္ခါမွရုပ္ရွင္ရံုမွာသြားမႀကည့္ဖူးလူကရုပ္ရွင္လိုက္ျပမယ္ဆိုေတာ့ ထူးေတာ့ထူးဆန္း ျဖစ္ေနေပမယ့္ ရုပ္ရွင္ရံုထဲေ ရာက္ေတာ့မွအဲလိုလုပ္တာသိလိုက္ရေျပီး အရမ္းအ့ံႀသျပီးဝမ္းသာသြားတယ္လို႕ ေျပာျပခဲ့ပါတယ္ ။

 

” ကိုယ္တိုင္ ကအနုပညာသမားဆိုေတာ့စိတ္ထဲမွာနူးနူးညံ့ည့ံေလးေတြစိတ္ကူးယဥ္တတ္ တာေတာ့ရွိတတ္ပါတယ္။အေကာင္အထည္ေဖာ္ျဖစ္တာကေတာ့သူနဲ႔က်မွပါ ” လို ကိုဖိုးသားက ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္ ။ ခ်စ္သူ သက္တမ္း ၆ ႏွစ္ေက်ာ္မွ ေရႊလက္တြဲဖို႕ ဆံုးျဖတ္ခဲ့ျပီး ရိုမန္႕တစ္တစ္ဆန္ ဆန္ ခ်စ္သူကို လက္ထက္ခြင့္ေတာင္းခဲ့တဲ့ ကိုဖိုးသားကေတာ့ တကယ္ကိုခ်စ္တတ္သူၾကီးပါပဲ ပရိသတ္ၾကီးေရ..။ ကိုဖိုးသားနဲ႕ ခ်စ္စနိုးဦးတို႕ ရိုးေျမက် ေပ်ာ္ရႊင္စြာလက္တြဲသြားနုိင္ပါေစလို႕ Cele Connection မွ ဆုမြန္ေကာငး္ေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Source : Yangon National News
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ချစ်စနိုးဦးကို ရိုမန့်တစ်ဆန်ဆန် လက်ထက်ခွင့်တောင်းခဲ့တဲ့ အဆိုတော်ဖိုးသား

ပရိသတ်ချစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဦးနဲ့ တေးရေး တေးဆို ကိုဖိုးသားတို့ကတော့ ချစ်သူသက်တမ်း ၆နှစ်ကျော်မှာ ရွှေလက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ။ အောက်တိုဘာလ ၁၆ ရက်နေ့ကလက်မှတ်ထိုးပွဲ ကျင်းပခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ မင်္ဂလာဆွမ်းကျွေးလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။ မင်္ဂလာ ဘိတ်သိတ် ပွဲကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ပြုလုပ်ကျင်းပ မှာဖြစ်တယ်လို့လည်းသိရပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ နှစ်ဖက်အမျိုးတွေနဲ့မီဒီယာတွေကိုပါဖိတ်ကြားပြီး Dinner ပွဲလုပ်မှာ ဖြစ်တယ်လို့သိရပါတယ် ။

မနှစ်ကတည်းကလက်ထပ်ခွင့် တောင်းဖို့စီစဉ်နေခဲ့ပေမယ့် တကယ်တောင်းဖြစ်သွားတာက ချစ်စနိုးဦးရဲ့မွေးနေ့ကျမှတောင်း ဖြစ်သွားတယ်လို့ ကိုဖိုးသားက ပြောပြခဲ့ပါတယ် ။ ချစ်စနိုးဦးက မွေးနေ့မှာ ရုပ်ရှင်ကြည့်ချင်တယ်လို့တောင်းဆိုတာနဲ့ပဲ ရုပ်ရှင်ရုံမှာလက်မှတ်တွေကြိုဝယ်ထားပြီး သူမ မသိအောင်အကုန်စီစဉ်ထားရပါတယ်တဲ့ ။ သူမ သူငယ်ချင်းတွေနဲ အမျိုးတွေကိုသူမသိအောင်ကြိုခေါ်ထားလိုက်ပြီး သူမသိအောင်လုပ်တာဆိုတော့ အဓိက ရိပ်မိမှာကို စိတ်ပူခဲ့ပါတယ်တဲ့ ။ ချစ်စနိုးဦးကလည်း ခြောက်နှစ်နီးပါးသမီးရည်းစားသက်တမ်းတလျောက်လုံးတစ်ခါမှရုပ်ရှင်ရုံမှာသွားမကြည့်ဖူးလူကရုပ်ရှင်လိုက်ပြမယ်ဆိုတော့ ထူးတော့ထူးဆန်း ဖြစ်နေပေမယ့် ရုပ်ရှင်ရုံထဲေ ရာက်တော့မှအဲလိုလုပ်တာသိလိုက်ရပြေီး အရမ်းအံ့သြပြီးဝမ်းသာသွားတယ်လို့ ပြောပြခဲ့ပါတယ် ။

” ကိုယ်တိုင် ကအနုပညာသမားဆိုတော့စိတ်ထဲမှာနူးနူးညံ့ညံ့လေးတွေစိတ်ကူးယဉ်တတ် တာတော့ရှိတတ်ပါတယ်။အကောင်အထည်ဖော်ဖြစ်တာကတော့သူနဲ့ကျမှပါ ” လို ကိုဖိုးသားက ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ ချစ်သူ သက်တမ်း ၆ နှစ်ကျော်မှ ရွှေလက်တွဲဖို့ ဆုံးဖြတ်ခဲ့ပြီး ရိုမန့်တစ်တစ်ဆန် ဆန် ချစ်သူကို လက်ထက်ခွင့်တောင်းခဲ့တဲ့ ကိုဖိုးသားကတော့ တကယ်ကိုချစ်တတ်သူကြီးပါပဲ ပရိသတ်ကြီးရေ..။ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ ရိုးမြေကျ ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို့ Cele Connection မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Yangon National News
Molly

error: Alert: Content is protected !!