မြန်မာ့ရုပ်ရှင် ငွေရောင်ပိတ်ကားထက်မှာ မြင်တွေ့ရတော့မယ့် Sinon Loresca

ပရိသတ်ကြီးရေ ၊ မော်ဒယ်လမ်းလျှောက်ရာမှာ နာမည်ကြီးတာကြောင့် တကမ္ဘာလုံး အာရုံ စိုက်ခံရတဲ့ ဖိလစ်ပိုင်ဆယ်လီ ဆိုင်နွန်ဟာ မြန်မာနိုင်ငံနဲ့ ရေစက်ပါတယ် လို့ကိုဆိုတော့မှာပါ ။ အမှတ်မထင် အလှမယ်ပြိုင်ပွဲတစ်ခုကို အကဲဖြတ်ဒိုင်လုပ်ဖို့ လာရောက်ခဲ့တဲ့ဆိုင်နွန်တစ်ယောက် အခုတစ်ခေါက်မှာတော့ မြန်မာ့ အနုပညာနယ်ပယ်ထဲကို ထပ်မံခြေချခွင့်ရှိသွားပြီဖြစ်ပါတယ်။

 

ဆိုင်နွန်တစ်ယောက် အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “လူထဲကလူ ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတော့မှာပါ ။
လူထဲကလူ ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် မြင်မြတ် ရဲအောင် အောင်လေး ခင်လှိုင် Simon loresca စိုးမြတ်သူဇာ တက္ကသိုလ်ဂွမ်းပုံ စိုးမိုးကြည် ပက်ထရစ်ရှာ တို့မှ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

ဆိုင်နွန်ကတော့ အခုလို သရုပ်ဆောင်ခွင့်ရရှိခဲ့တဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာကနေ ကျေးဇူးတင်စကားပြောကြားထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဆိုင်နွန် ကို အားပေးမယ်ဆိုမှတ်ချက်လေးတွေ ပေးခဲ့ကြပါဦး ။
Source – Sinon Loresca
Jasmine

error: Alert: Content is protected !!