



Source – Aye Min Hein
Jasmine

ပြည်တွင်း K Pop ချစ်သူတွေကို ဆားပက်သလို စပ်ဖျဉ်းစေခဲ့တဲ့ အေးမင်းဟိန်း ရဲ့ အရေးအသား

ပရိသတ်ကြီးရေ မကြာသေးခင်က ပြည်တွင်းမှာ ကိုရီးယား အနုပညာရှင် Sulli မှုနဲ့ ပတ်သက်ပြီးအကြီးအကျယ်ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ K Pop ချစ်သူတွေနဲ့ မင်းသားဇေရဲထက်တို့ ဖြစ်ပွားခဲ့တဲ့ ပြဿ နာကြောင့်လည်း ဒီကိစ္စ အပေါ်လူတွေက အာရုံစိုက်ခဲ့ ကြတာပါ ။

အဆိုပါကိစ္စ တွေနဲ့ ပတ်သက်ပြီး အခွီဆယ်လီ အေးမင်းဟိန်းက ချက်ကျလက်ကျ ထောက်ပြလိုက်ပါတယ်။ အေးမင်းဟိန်းက “တခြားနိုင်ငံတွေမှာ Public Figure ( Cele ) တစ်ယောက်ယောက် Suicide လုပ်ခဲ့ရင် လူထုက ဝိုင်းပြီး ဒီလိုအဖြစ်ဆိုးမျိုး မကြုံအောင် ဝိုင်းပြီး ဆုတောင်းပေးကြတယ် ကာကွယ်ပေးကြတယ် အားပေးစကားဆိုကြတယ်..
အဲဒီ Post တွေက ဒီဗမာနိုင်ငံဘက်လည်းရောက်လာရော အမလေး ဆဲတဲ့သူက တစ်သိုက် HD မကြည့်ရတော့လို့ပါဆိုပြီး ငိုတဲ့သူကတစ်သိုက် လှောင်တဲ့သူက တစ်သိုက်.. စဉ်းစားကြည့်တယ် ဘာလို့ ဒီလိုလုပ်ကြလည်းပေါ့နော်.. စာနာစိတ်မရှိကြဘူးပေါ့.. ပြီးမှ ဘယ်ဟုတ်မလည်း… သူတို့က သူတို့ပေး လိုက်တဲ့ Comment လေးကို လူ ၁၀ ယောက်လောက်က ဝိုင်းပြီး Like တို့ Love React လေးတွေ ပေးခံရရင်ကို ကျေနပ်နေကြတာ.. ပြောရရင် အတန်ရှည်လိုချင်ခဲ့တာ.. ဒါနဲ့ အဲလို Negative Comment ပေးတဲ့သူ ၁၀ ယောက်မှာ ၉ ယောက်လောက်ရဲ့ Wall ထဲကြည့်မလိုက်တာပေါ့နော်.. Share Post တွေများတယ် အလွန်ဆုံး Like က ၃ ၄ ပဲ.. Profile Pic ဆို Like ၅ ယောက် အပြင်မပိုဘူး.. အဲလိုလူတွေအတွက်ကြတော့ ပေါက်ကရ Comment ပေးတာ နဲ့ Like and React က ၁၀ ကျော်တော့ သူတို့လေးတွေမှာ ပျော်တာပေါ့.. တစ်ချို့ဆို ကံကောင်းရင် By Name နဲ့ သူများန်ုင်ငံတွေမှာ SS တွေနဲ့ သွားပေါ်တယ်လေ.. ဒါဆို Cele ဖြစ်ပြီပေါ့…. ုအဲဒါနဲ့ ကျွန်တော်လည်း အစက အဲလိုလူတွေအပေါ်စိတ်မကောင်းဖြစ်နေတဲ့ စိတ်တောင်ပျောက်ပြီး တစ်ခုပဲ စဉ်းစားမိလိုက်တယ်..
သူတို့လည်း “Like တွေအများကြီးလိုချင်မှာပဲလေ” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရီးယားချစ်သူတွေဟာ အထိမခံ ကြွေပန်းကန်လို့ နာမည်ကြီးတာ လည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ၊ အေးမင်းဟိန်းရဲ့ ထောက်ပြမှုတွေအတွက် မှတ်ချက်ကနေ တစ်ခုခုပြောဆိုခဲ့ကြပါဦး။

Source – Aye Min Hein
Jasmine

error: Alert: Content is protected !!