
 



Source – Myat Thu Thu
Jasmine

 

အနုပညာနာမည်တစ်ခု အပြောင်းအလဲလုပ်လိုက်တဲ့ မြတ်သူသူဇင်

ပရိသတ်ကြီးရေ ၊ အနုအကြမ်းအလွမ်း အထိုးအခုတ်ဘက်စုံရတဲ့ မင်းသမီးသစ်လေးတွေထဲမှာ သရုပ်ဆောင် မြတ်သူသူဇင် လည်းတစ်ဦးအပါအဝင်ပါ။ လက်ရှိမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ လည်း စိတ်ကောင်းရှိတဲ့ အမွှေစိန်မလေးယွန်းမေခ နေရာကနေ ပရိသတ် အားပေးမှု ကို ထပ်မံရရှိနေတာလည်း ဖြစ်ပါတယ်။

့မြတ်သူတစ်ယောက်က တော့ လက်ရှိမှာ သူ့ရဲ့ အနုပညာအမည် ကို ပြောင်းလဲလိုက်တယ် လို့ သိရပါတယ်။ မြတ်သူသူဇင် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “မြတ်သူရဲ့အကောင့်ထဲက ချစ်ရတဲ့ဆရာသမား မိတ်ဆွေအပေါင်းအသင်းများနှင့် မီဒီယာ အကိုအမများ အားပေးကြသူများအားလုံးကို ဒီနေ့မှစ မြတ်သူသူ ဆိုတဲ့နာမည်လေးပဲပြောင်းလဲခေါ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင် ” ဆိုပြီရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ အခုလို နာမည် ပြောင်းလိုက်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက တော့ အံ့သြနေကြတာပါ ။ ကဲ မြတ်သူသူ အဖြစ် ပြောင်းလဲလိုက်တဲ့ မြတ်သူသူဇင် အတွက် မှတ်ချက်ကနေ တစ်ခုခု ပြောဆိုခဲ့ကြပါဦး ။
Source – Myat Thu Thu
Jasmine

error: Alert: Content is protected !!