ပရိသတ်တွေ ဝါးခနဲဖြစ်သွားအောင် မော်ဒယ်လမ်းလျှောက်ပြခဲ့တဲ့ Sinon Loresca နဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ ၊ ရေခြားမြေခြားကနေ မြန်မာပြည်ကိုချစ်စိတ်နဲ့လာရောက် နေသူတွေထဲမှာ ဖိလစ်ပိုင် က ဆယ်လီတစ်ယောက်ဖြစ်တဲ့ Sinon Loresca လည်းအပါအဝင်ဖြစ်ပါတယ် ။ ဆိုင်နွန်တစ်ယောက် မော်ဒယ်လမ်းလျှောက်ရာမှာ နာမည်ကြီးတာကြောင့် တကမ္ဘာလုံး အာရုံ စိုက်ခံရတာလည်းဖြစ်ပါတယ် ။

မနေ့ကတော့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထွန်းထွန်း နဲ့ ဆိုင်နွန် တို့ တွေ့ဆုံခဲ့ကြတာပါ ။ မကြာသေးခင်က ဆိုင်နွန် ရဲ့ ပုံစံအတိုင်း ထွန်းထွန်းတစ်ယောက် နှင်းဆီလှေအငြိမ့်မှာ ပျက်လုံးထုတ်ခဲ့တာကြောင့် ပရိသတ်တွေက အားပေးခဲ့သလို ဆိုင်နွန်ကိုယ်တိုင် ကလည်း ထွန်းထွန်းနဲ့ ဆုံချင်ကြောင်း လူမှုကွန်ရက်ပေါ်ကနေ ပြောဆိုခဲ့တာပါ ။

 

မနေကတော့ ဆိုင်နွန်နဲ့ထွန်းထွန်းတိုက အတူတွဲကာမော်ဒယ်လျှောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတခါမှာတော့ ထွန်းထွန်းတစ်ယောက် ဒေါက်ဖိနပ်စီးပြီးလျှောက်ပြခဲ့တာပါ ။ ကဲ ပရိသတ်ကြီးရေ ဆိုင်နွန် နဲ့ ထွန်းထွန်းရဲ့ ဗီဒီယိုလေးကို တင်ပြပေးလိုက်ပါတယ်နော်

error: Alert: Content is protected !!