မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ချစ်ရတဲ့ ပရိသတ်တွေရဲ့ မေတ္တာအတွက် ကျေးဇူးတင်စကားဆိုလိုက်တဲ့ စုလှိုင်နှင်း



Source – Su Hlaing Hnin
Noe Noe May Ju Ju

Unicode

ပရိသတ်ကြီးရေ ဗီဒီယိုခေတ်ဦးကာလမှာ ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်အာရုံကို ဖမ်းစားနိုင်ခဲ့သူတွေထဲမှာ စုလှိုင်နှင်းလည်း အပါအဝင်ဖြစ်ပါတယ် ။ စုလှိုင်နှင်းတစ်ယောက် အနုပညာအလုပ်တွေခြေလှမ်းကျဲသွားပေမယ့် သူယုံကြည်ရာ ဘာသာတရားအလုပ်တွေကို ပိုမိုပြုလုပ်နေတာ တွေ့ရပါတယ်။

မနေ့က ကျရောက်လာခဲ့တဲ့ မွေးနေ့လေးမှာ ဆုတောင်းပေးခဲ့ကြသူတွေအတွက် စုလှိုင်နှင်း က လူမှုကွန်ရက်ပေါ်ကနေ ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ “အခုနောက်ပိုင်း လိုင်းပေါ်မတက်တာကြာနေပြီ မွေးနေ့တောင် ပိတ်ထားတာ ဖွင့်ထားရင် မွေးနေ့ဆုတောင်းပေးတဲ့ ပရိတ်သတ်တွေနဲ့ မိတ်ဆွေတွေကို စာမပြန်ဖြစ်မှာစိုးလို့ လက်မထောင်ပြီး အသဲပေး တာလေးလည်းမလုပ်ချင်ဖူး မွေးနေ့ဆုတောင်းပေးတဲ့ ပရိတ်သတ်နဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ မန့်လေးပြန်ရေးပေးချင်တာ.., အခုတော့ မနှစ်က birthday ဆုတောင်းတွေ ပြန်တက်လာတာမြင်တော့ ကျမ fb က ပရိတ်သတ်တွေ မိတ်ဆွေတွေက ဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ….
ကျမရဲ့ မွေးနေ့ကို ဆုတောင်းပေးကြတဲ့ ပရိတ်သတ်များနှင့်တကွ မိတ်ဆွေ သူငယ်ချင်းများအားလုံး ကိုကျေးဇူးတင်ပါတယ်ရှင်….စိတ်ချမ်းသာ ကိုယ်ကျမ်းမာနှင့်ပြည့်စုံပြီး ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်….” ဆိုပြီးရေးသားထားတာပါ ။

ပရိသတ်တွေချစ်ကြတဲ့အနုပညာရှင်တွေဆိုတာ အနုပညာအလုပ်တွေအဆက်ပြတ် နေတဲ့တိုင် အားပေးနေမြဲ ၊ ချစ်နေမြဲဖြစ်ပါတယ်။ ကဲ စုလှိုင်နှင်း ကို သတိရတဲ့ သူတွေရှိသေးရင် မှတ်ချက်ကနေတစ်ခုခုပြောဆိုပေးခဲ့ပါဦး ။
Source – Su Hlaing Hnin
Noe Noe May Ju Ju

error: Alert: Content is protected !!