ရာသက္ပန္ ပြဲကမရေတာ့တဲ့ ဟန္ဇာမုိးဝင္းသတင္းႏွင့္ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းလုိက္တဲ့ ကိုေက်ာ္ေဇယ်

ပရိသတ္ၾကီးေရ ၊ ဇာတ္သဘင္ေလာကမွာ အခုအခ်ိန္အထိ ထိပ္တန္းမင္းသားတစ္လက္ အျဖစ္ ေနရာယူထားႏိုင္ခဲ့တာကေတာ့ ဟန္ဇာမိုးဝင္းပဲျဖစ္ပါတယ္။ ဟန္ဇာေလးပါပဲ ဆိုတဲ့ ေတးသြားေလးက အခုအခ်ိန္ထိပရိသတ္ေတြရင္ထဲမွာ ေနရာယူထားနိုင္ဆဲပါ။

ဟန္ဇာတစ္ေယာက္ လြန္ခဲ့တဲ့ နွစ္ေတြက ဦးေႏွာက္မွာအမာရြတ္ျဖစ္ခဲ့တာေၾကာင့္ နာလံထူဖို႕ မနည္းၾကိဳးစားခဲ့ရတာပါ။ အဆိုပါကိစၥကို ေသခ်ာေလ့လာျခင္းမရွိဘဲ ေရးသားခဲ့တဲ့ Page တစ္ခုကို ဟန္ဇာ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ပြဲကန္ထရိုက္ၾကီး ဦးေက်ာ္ေဇယ်က ျပန္လည္တုံ႕ျပန္လိုက္ပါတယ္။ ဦးေက်ာ္ေဇယ်က “ကဲ ျမန္မာျပည္မွာ သတင္းကို တိတိက်က် အေျခအျမစ္မသိပဲ မိမိPage လူစိတ္၀င္စားလာေအာင္ ေခါင္းစီး အမ်ဳိးမ်ဳိးသံုးၿပီး

သတင္းအမွားေတ တင္တာ ေတာ္ေတာ္မ်ားလာပါလား
Page နာမည္ = Aung par say (ေအာင္ပါေစ)” ဆိုျပီးေရးသားေျပာျပထားတာပါ ။

ဟန္ဇာကေတာ့ လဲက်ခဲ့ရက ျပန္လည္ထူေထာင္နိုင္ခဲ့ျပီး ပရိသတ္ေတြရဲ႕ ေမတၱာအားနဲ႕ စင္ျမင့္ထက္မွာ ေနရာယူေနဆဲျဖစ္ပါတယ္။ပရိသတ္ၾကီးေရ ဗရမ္းဗတာေရးသားတတ္တဲ့ Page ေတြအတြက္ မွတ္ခ်က္ကေနတစ္ခုခုေျပာဆိုခဲ့ၾကပါဦး ။

Source – Kyaw Zay Ya

Noe Noe May Ju Ju

Unicode
ရာသက်ပန် ပွဲကမရတော့တဲ့ ဟန်ဇာမိုးဝင်းသတင်းနှင့်ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ ကိုကျော်ဇေယျ

ပရိသတ်ကြီးရေ ၊ ဇာတ်သဘင်လောကမှာ အခုအချိန်အထိ ထိပ်တန်းမင်းသားတစ်လက် အဖြစ် နေရာယူထားနိုင်ခဲ့တာကတော့ ဟန်ဇာမိုးဝင်းပဲဖြစ်ပါတယ်။ ဟန်ဇာလေးပါပဲ ဆိုတဲ့ တေးသွားလေးက အခုအချိန်ထိပရိသတ်တွေရင်ထဲမှာ နေရာယူထားနိုင်ဆဲပါ။

ဟန်ဇာတစ်ယောက် လွန်ခဲ့တဲ့ နှစ်တွေက ဦးနှောက်မှာအမာရွတ်ဖြစ်ခဲ့တာကြောင့် နာလံထူဖို့ မနည်းကြိုးစားခဲ့ရတာပါ။ အဆိုပါကိစ္စကို သေချာလေ့လာခြင်းမရှိဘဲ ရေးသားခဲ့တဲ့ Page တစ်ခုကို ဟန်ဇာ့ရဲ့ လုပ်ဖော်ကိုင်ဖက် ပွဲကန်ထရိုက်ကြီး ဦးကျော်ဇေယျက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဦးကျော်ဇေယျက “ကဲ မြန်မာပြည်မှာ သတင်းကို တိတိကျကျ အခြေအမြစ်မသိပဲ မိမိPage လူစိတ်ဝင်စားလာအောင် ခေါင်းစီး အမျိုးမျိုးသုံးပြီး

သတင်းအမှားတေ တင်တာ တော်တော်များလာပါလား
Page နာမည် = Aung par say (အောင်ပါစေ)” ဆိုပြီးရေးသားပြောပြထားတာပါ ။

ဟန်ဇာကတော့ လဲကျခဲ့ရက ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ မေတ္တာအားနဲ့ စင်မြင့်ထက်မှာ နေရာယူနေဆဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဗရမ်းဗတာရေးသားတတ်တဲ့ Page တွေအတွက် မှတ်ချက်ကနေတစ်ခုခုပြောဆိုခဲ့ကြပါဦး ။

Source – Kyaw Zay Ya

Noe Noe May Ju Ju

error: Alert: Content is protected !!