မမျှော်လင့်ထားတဲ့ သိန်းထီဆုကြီး ပေါက်တယ်လို့ ဖုန်းဆက်လို့ အရမ်းပျော်နေတဲ့ အောင်ရေချမ်း

အောင်ရေချမ်းကတော့ MRTV 4 ဇာတ်လမ်းတွဲတွေ နဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ မင်းသားချောလေး တစ်ယောင်ဖြစ်ပြီး ” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ကိုတင်ဖေ အဖြစ် ပရိသတ်တွေဆီက တခဲနက်အားပေး ခံခဲ့ရတာပါ ။ နယ်ပရိသတ်တွေများသလို မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံထံနေရတဲ့ နှင်းဆီခိုင်လေး ဆိုလည်း မမှားပါဘူး နော် ။

လတ်တလောမှာတော့ ပရိသတ်အချစ်တော် အောင်ရေချမ်းတစ်ယောက် မမျှော်လင့်ထားတဲ့ ဖုန်း call လေး တစ်ခုကြောင့် အရမ်းကို ပျော်နေပါတယ်တဲ့ ပရိသတ်ကြီးရေ..။ ” မျှော်နေတဲ့ ဖုန်းလာပါပြီ အနှစ်နှစ်အလလ မျှော်ခဲ့ရတဲ့ဖုန်း အခု့တော့လာပါပြီပေါက်ပါတယ် ထီ ၅သောင်းပေါက်ကြောင်း ဖုန်းဆက်အကြောင်းကြားတာပါတဲ့တဲ့တဲ့ ” ဆိုတဲ့ စာသားနဲ့အတူ ထီ ၅သောင်းဆုပေါက်တဲ့ အကြောင်း ပရိသတ်တွေပါ ဝမ်းသာရအောင် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ် ။

အောင်ရေချမ်းရဲ့ ပရိသတ်တွေလည်း ထပ်တူထပ်မျှ ဝမ်းသာနေကြမယ် ထင်ပါတယ် နော် ။ ခန့်စည်သူကလည်း သိန်းဘယ်နှသောင်းပေါက်တာလဲလို့ စနောက်မှတ်ချက်ပေးထားတာတွေ့မြင်ရသလို သရုပ်ဆောင် ကျော်ဆုကလဲ ဘီယာလိုက်တိုက်ပါလို့ မှတ်ချက်ပေးထားတာ တွေ့မြင်ရပါတယ် ။ Cele Connection မိသားစုကလည်း အောင်ရေချမ်းနဲ့ ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူပါတယ်နော် ။

Source- Aung Yay Chan
Molly

error: Alert: Content is protected !!