ပရိသတ်တွေ မျက်ရည်ဝဲသွားစေမယ့် ပိုင်ခန့်နဲ့ MC ကယားလေးတို့ရဲ့ ဘဝဇာတ်ကြောင်း

မိုးရာသီအလွမ်း သီချင်း MTV လေးကြောင့် ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တဲ့ လွိုင်ကော်မြို့က ဝါသနာရှင် လူငယ်လေး နှစ်ယောက်ြဖစ်တဲ့ MC ကယားလေးနဲ့ ပိုင်ခန့်တို့ နှစ်ယောက်ကတော့ အဆိုတော် ယုန်လေးရဲ့ အားပေးကူညီမှုနဲ့ ရန်ကုန်မြို့ကို သီချင်းလုပ်ဖို့ ရောက်ရှိလာခဲ့ပါပြီ ။ ပရိသတ်အချို့က စနောက်ဝေဖန်နေကြပေမယ့် ကိုယ်ယုံကြည်ရာကို ကြိုးစားဖိုအတွ့က် နယ်မြို့လေးကနေ စွန့်စားပြီး ဝါသနာအရင်းခံ ရောက်ရှိလာကြတာပါ ။

ပိုင်ခန့်က သူ့ကိုမွေးပြီး ၁၀ ရက်လောက်မှာ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူက အကြော်ရောင်းပြီး ရှာဖွေကျွေးမွေးခဲ့ရတယ်လို့ သိရပါတယ် ။ MC ကယားလေးကတော့ ၁၀နှစ်သားလောက်မှာ မိဘတွေ ကွဲသွားလို့ အမေနဲ့ အတူလိုက်နေရင်း ရှမ်းပြည်ကနေ လွိုင်ကော်ရောက်လာခဲ့တယ်လို့ သိရပါတယ် ။ ပိုင်ခန့်က ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်လုပ်ပြီး MC ကယားလေးကတော့ ကားဝင်းမှာ ကုန်တင်ကုန်ချ အလုပ်သမားအဖြစ် တဝမ်းတခါးအတွက် အသက်မွေးဝမ်းကြောင်းပြူနေကြတယ်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း သူတို့ဘဝဇာတ်ကြောင်းတွေကိုပြောပြခဲ့တာပါ ။

ယုန်လေး ရဲ့ အကူညီနဲ့ ရန်ကုန်ရောက်လာပြီး သူတို့ရဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရလို့ အခွင့်ကြုံလာခဲ့ရင် ကျေးဇူး ဆပ်ချင်ပါတယ်လို့လည်း ပြောပြခဲ့ပါတယ် ။ သီချင်း တွေကြိုးစားလုပ်ရင်း အောင်မြင်လာခဲ့ရင် မပြည့်စုံတဲ့ မိသားစုကို ပြန်ထောက်ပံ့ပေးချင်တယ်လို့လည်း သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောပြခဲ့ပါသေးတယ် ။ Cele Connection ပရိသတ်တွေ ကလည်းဝါသနာအတွက် ကြိုးစားနေတဲ့ လူငယ်လေးတွေဖြစ်တဲ့ MC ကယားလေးနဲ့ ပိုင်ခန့်အတွက် အားပေးစကားလေးတွေ ရေးခဲ့ပါဦးနော် ။

Source. – Cele Yet Kwat
Molly

error: Alert: Content is protected !!