ဒိန်းဒေါင်နဲ့ ဘာကြောင့်ကွဲသွားတယ်ဆိုတဲ့ အဖြစ်မှန်ကိုပြောပြလာတဲ့ ခင်လှိုင်

နာမည်ကြီး ပြည်သူချစ် ဟာသ သရုပ်ဆောင်လူရွှင်တော်တွေထဲမှာ ခင်လှိုင်နဲ့ ဒိန်းဒေါင်ဟာ အတွဲအများဆုံး ဖြစ်သလို ငယ်သူငယ်ချင်း တွေလည်း ဖြစ်တယ်ဆိုတာ ပရိသတ်တွေ သိပြီးဖြစ်မှာပါ ။ တွဲဖက်ညီပြီး ဟာသပြက်လုံးတွေကို အတိုင်ဖောက် ညီညီနဲ့ ပရိသတ်ကို ဟာဒရရွှင်ဆေး တိုက်ကျွေးနေတဲ့ ဟာသ ညီနောင်ဆိုလည်း မမှားပါဘူး ။ ပွဲအစီစဉ်တွေမှာလည်း အစီစဉ်တင်ဆက်သူ အဖြစ် ပရိသတ်မပျင်းရအောင် တင်ဆက်ပေးလေ့ရှိတဲ့ ဝါရင့် လူရ္ပင်တော် နှစ်ယောက်ပဲ ဖြစ်ပါတယ် ။

အခုနောက်ပိုင်းမှာတော့ ခင်လှိုင် ဒိန်းဒေါင်တို့ အတွဲဟာ ပရိသတ်တွေ မျက်စိရှေ့ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့လို့ ပရိသတ်တွေက စိတ်ပူနေခဲ့ ကြပေမယ့် သူတို့ သူငယ်ချင်း နှစ်ယောက်ကတော့ လူချင်းမတွေ့ဖြစ်ပေမယ့် ဖုန်းအဆက်သွယ်တော့ရှိနေကြသေးတယ်လို့ ခင်လှိုင်က ပြောပြခဲ့ပါတယ် ။ ခုလို ကျန်းမာရေး အခြေနေအရ ဆေးရုံတက်နေရတဲ့ ဒိန်းဒေါင်အတွက် အရမ်းစိတ်ပူသလို တကယ်တော်တဲ့ လူရွှင်တော် တစ်ယောက်ဖြစ်လို့ ဘာအကြောင်းနဲ့မှ မနာမကျန်း မဖြစ်စေချင်ဘူး လို့ ခင်လှိုင်ကဆိုပါတယ် ။

သူ့အဖွဲ့ ကို့အဖွဲ့ အလုပ်ကိစ္စနဲ့ စိတ်အခန့်မသင့်တာလေးတွေကြောင့် အရင်လို တွဲ မမြင်ရတော့ပေမယ့် ရုပ်ရှင်ကားတွေထဲမှာတော့ ပြန်တွေ့ဖို့ ရှိပါတယ်လို့ သိရပါတယ် ။ သူတို့ ၂ယောက်ရဲ့ လက်အောက်မှာ အဖွဲ့ သား သုံးလေးဆယ်လောက်ရှိတဲ့ အတွက် ကို့လက်အောက်ကလူတွေကိုငဲ့ ပြီး နှစ်ယောက်ဆက်တွဲနေရင် တခြားကလေးတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မှာ စိုးရိမ်တဲ့ အတွက် ကိုယ့်အဖွဲ့နဲ့ ကိုဆက်သွားဖို့ ပဲ အစီစဉ်ရှိတယ်လို့ ခင်လှိုင်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ Cele Connection ပရိသတ်ကြီးကလည်း အဖွဲ့ ကွဲသွားပေမယ့် ခင်လှို ဒိန်းဒေါင် တို့ ကို ဆက်လက်ချစ်ခင်ပေးကြပါဦးနော် ။

Source – Akone Thi
Molly

error: Alert: Content is protected !!