သုံးစွဲသူတွေကြား ပြောစရာဖြစ်နေရတဲ့ စိုင်းစိုင်းရဲ့ တင့်တင့် နှုတ်ခမ်းနီ

ပရိသတ်ကြီးရေ ၊ စိုင်းစိုင်းခမ်းလှိုင်လို့ပြောလိုက်တာနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းသလို ပရိသတ်တွေအပေါ်စေတနာထားတဲ့အနုပညာရှင်ဆိုတာ အားလုံးအသိပါ။ စီးပွားရေးဘက်မှာလည်း အလှကုန်အမျိုးမျိုး ကို အောင်မြင်အောင်ထုတ်လုပ်ရောင်းချနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ တင့်တင့်နှုတ်ခမ်းနီတွေဟာ ဈေးကွက်ကိုရောက်ရှိလာတာမကြာသေးပေမယ့် ပျိုမေတို့ နှုတ်ခမ်းဖျားမှာ နေရာယူနိုင်ခဲ့ပါပြီ ။ ဒီလို သုံးစွဲသူတွေအရမ်းကြိုက်တဲ့ တင့်တင့် နှုတ်ခမ်းနီတွေမှာ အရည်အသွေးပိုင်းဆိုင်ရာ ပြဿ နာ ရှိနေတယ်လို့သုံးစွဲသူတွေဆီကသိရပါတယ်။ Shwe Ye Win အကောင့်ပိုင်ရှင်က “sai saiရဲ့tint tintကကြိုက်ပေမဲ့
အဆင်မပြေပါဘူးနော် အသစ်ပဲရှိပါသေးတယ် လှည့်ဖွင့်တဲ့ အရစ်ကနေပြတ်ထွက်တယ်
အဖုံးအနီကိုထောင်မထည့်မိရင် နှုတ်ခမ်းနီတွေအကုန်စိမ့်ထွက် ပေပွ အပြင်တေပွ ခဏခဏဆေးရ အိမ်မှာပဲထားခဲ့ပြီးဆိုးတာမျိုးကလွဲရင် အိတ်ဆောင်ထည့်ဖို့အဆင်လုံးဝမပြေပါဘူးနော်”ဆိုပြီး သူ့ရဲ့ အတွေ့အကြုံကို မျှဝေခဲ့တာပါ ။ အဆိုပါ Post အောက်မှာ မှတ်ချက်ပေးသူတွေအမြောက်အမြားကိုလည်းတွေ့ရပါတယ်။

စိုင်းအလှကုန်ထုတ်လုပ်ရေးကတော့ အခုလိုပြဿ နာတွေအတွက် အသစ်တစ်ဗူးနဲ့ ပြန်လဲပေးတယ်လို့ဆိုပါတယ်။ အလှကုန်ထုတ်လုပ်ပြီဆိုတာနဲ့ အရည်အသွေးပိုင်းဆိုင်ရာကို မထိန်းသိမ်းနိုင်တဲ့အပေါ်ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ ပရိသတ်ကြီးလည်း ဒီကိစ္စအပေါ် ထင်မြင်ချက်လေးတွေမှတ်ချက်ပေးခဲ့ကြပါဦး ။
Source – Shwe Ye Win
Noe Noe May Ju Ju

error: Alert: Content is protected !!