နာမည်ကြီးမင်းသား မင်းသမီး တွေပါဝင်တဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ် ထိပ်ထားသခင်

လက်ရှိမှာ အွန်လိုင်း မီဒီယာပေါ်မှာ တီတီတာတာ စကားလေးတွေ၊ အမူအယာအို က် တင်လေးတွေ ၊ သီချင်းဆိုတဲ့ Video file လေးတွေနဲ့ ပရိသတ်အချစ်တွေကို ရယူနိုင်ခဲ့တဲ့ ထိပ်ထားသခင် လေးကတော့ ချစ်စရာ အမူအယာ နဲ့ အိုက်တင်လေးတွေကို မကြောက်မရွံနဲ့ ကင်မရာတွေ ရှေ့ သရုပ်ဆောင်နေပြီး ဖြစ်တဲ့ မော်ဒယ်လ်၊ မင်းသမီး အသေးစားလေး အဖြစ် အောင်မြင်နေပြီ ဖြစ်ပါတယ်။

ဖွေးဖွေး ၊ နီနီခင်ဇော်တို့နဲ့အတူ ကြော်ငြာတွေရိုက်ကူးခဲ့တဲ့ ထိပ်ထား လေး ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အမြောက်အမြားရပြီး Beauty blogger နေခြည်ဦးနဲ့တောင် ငပလီထိသွားပြီး ရုပ်ရှင်ရိုက်ခဲ့ပါသေးတယ်။ ထိပ်ထိပ်လေးက စကားအရမ်းတတ်ပြီး အရမ်းလည်လွန်းလို့ အနုပညာ ရှင်တွေက ဝိုင်းချစ်တာကို ခံနေရတာပါ ။ လတ်လောမှာလည်း ထိပ်ထားလေး တစ်ယောက် ဒါရိုက်တာ အောင်မြတ် ရိုက်ကူးမယ့် ” LOVE EQUATION ”ရုပ်ရှင်ဇာတ်ကားကြီး အတွက်ဘုရားမှာ ကန်တော့ပွဲ ကို တက်ရောက်ခဲ့ပါတယ် ။ ဇာတ်ကားထဲမှာတော့ ထိပ်ထားက မီနီဖွေးဖွေးလေးအဖြစ် ပါဝင်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

အသက်(၃) နှစ် ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင်ချက်၊ အိုက်တင်တွေကို ပီပြင်အောင် လုပ်တတ်လွန်းလို့ အနုပညာပိုးတွေ အပြည့်ပါသူလေးလို့ပြောရမှာပါဘဲ ။ ကြီးလာရင် မင်းသမီးလုပ်မှာလို့ အမြဲပြောတတ်တဲ့ ထိပ်ထားလေးတစ်ယောက် ငယ်ငယ်ကတည်းက မင်းသမီးပေါက်စလေး ဖြစ်လာပြီဆိုတော့ ထိပ်ထားလေး ဆန္ဒတွေပြည့်ဝသွားသလိုထိပ်ထား လေးကိုချစ်တဲ့ပရိသတ်တွေကလည်း ထိပ်ထားရဲ့အနုပညာလှုပ်ရှားမှု လေးတွေ ကို မျက်ခြေမပျက်စောင့်ကြည့်ပြီး အားပေးလိုက်ကြပါဦးနော် ။


Source : ထိပ်ထားသခင်
Molly

error: Alert: Content is protected !!