ထမင်းရှင်ပရိသတ်တွေကို ကျေးဇူးတင်စကားပြောပြီး ကတိစကားတစ်ခွန်းပါပြောသွားတဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် လေးဖြိုးမြတ်အောင်ကတော့ သီချင်းဆိုကောင်းသလောက် စိတ်ထားကလည်း မွန်မြတ်ပြီး ရိုးသားဖြူစင်တဲ့ ဖြိုးမြတ်အောင်ကို တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း တစ်ခဲနက်ကြတာ တွေ့ရပါတယ်။ ဟင်္သာတသားလေး ဖြိုးမြတ်အောင်က အခုဆိုရင် အောင်မြင်မှုသရဖူကို ပါဆွတ်ခူးရုံတင်မက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုပါရရှိနေပြီပဲ ဖြစ်ပါတယ်။မိဘပေးလည်းရိုသေ သိတက်မှုလေးတွေကြောင့် အောင်မြင်မှုကို ပိုင်ဆိုင်ကာတစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများရဲ့ အချစ်ကိုပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်က ဆုရရှိပြီးနောက်ပိုင်းမှာ ဂီတ တင်မက ရုပ်ရှင်နယ်ပယ်အထိပါ ခြေလှမ်းနေပြီဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က တော့ ပရိသတ်တွေကို လူမှုကွန်ရက်ပေါ်ကနေ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ ဖြိုးမြတ်အောင်က “ချစ်လိုက်တာဗျာမူရင်းခွေပဲအါးပေးမယ်ဆိုတဲ့ အသံလေးတွေကြားမိတော့
ကျေနပ်လိုက်ရတာ စိတ်ရှည်စွာစောင့်ဆိုင်းပေးတဲ့အမျိုးတွေ
ကျေးဇူးပါ ဗျကျွန်တော့် album မှ မဟုတ်ပါဘူး ကျွန်တော်တို့စီနီယာ အကိုတွေရဲ့ album တွေ ထွက်ရင်လည်း မူရင်းကို ပဲ အါးပေးကြပါဗျကျွန်တော်တို့ ဂီတလောကအတွက် တော့
မူရင်းကိုအါးပေးကြတာ ကျွန်တော်တို့အတွက် ခွန်အါးတွေကြီးပါပဲ
ကျွန်တော်တို့ကို ထမင်းကျွေးတဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်
ဒီထက်ပိုပြီး ကြိုးစားပါ့မယ်ဆက်လက်ပြီး တော့လည်း ဂီတ လမ်းပေါ်မှာတစ်စိုက် မတ်မတ် လျှောက်လှမ်းပါ့မယ် ပြည်ပက အမျိုးတွေရော ပြည်တွင်းကအမျိုးတွေပါအါးလုံးကိုချစ်တယ်ဗျာ”ဆိုပြီးရေးသားထားတာပါ ။

ပရိသတ်ကြီးရေ ဖြိုးမြတ်အောင်က တော့ အောင်မြင်ခဲ့တဲ့တိုင် ဘဝမမေ့ဘဲ ပရိသတ်တွေအတွက် ကြိုးစားလျက်ရှိနေတာပါ ။ ဖြိုးမြတ်အောင် ရဲ့ ကျေးဇူးတင်စကားလေးတွေအတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ကြပါဦး ။
Source – Phyo Myat Aung
Noe Noe May Ju Ju

error: Alert: Content is protected !!