လိုအပ်နေတဲ့ကလေးတွေအတွက် ပြည်သူလူထုကို တိုက်တွန်းလိုက်တဲ့ ချစ်သုဝေ

ထရီဇာလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်..။အောင်မြင်ကျော်ကြားမှုတွေကို အခိုင်အမာရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးချောလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်..။

ထရီဇာလေးကတော့ မနေ့က မြန်မာနိုင်ငံစာတတ်မြောက်ရေးအသင်းက ကျင်းပတဲ့ ပွဲလေးတစ်ခုကို တက်ရောက်ပြီး သူ့ရဲ့ ရင်တွင်းစကားတွေကို လူမှုကွန်ရက်ပေါ်ကနေမျှဝေလိုက်ပါတယ်။ထ၇ီဇာက “ကလေးတွေအားလုံးကျောင်းပညာရေးလေးရရှိစေချင်တယ်.. လူအားငွေအားနိုင်သရွေ့ ကြိုးစားချင်စိတ်တွေရှိတဲ့လိုအပ်နေရှာသောကလေးတွေအတွက် တို့တွေပိုအလုပ်လုပ်ရမယ်..
အငြိမ်းစားပါမောက္ခဆရာကြီးများရဲ့ ကျောင်းပြင်ပမူလတန်းပညာရေး MLRC အတွက် ကြိုးစားနေမှုကိုမြင်ရတာ တကယ့်ကိုပီတိဖြစ်စရာပါ.. ချို့တဲ့ကလေးတွေရဲ့ ရင်ဖွင့်သံတွေကလည်း ကိုယ့်ရင်ကိုစို့စေတယ်ကွယ်။ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စာမတတ်သူအရေအတွက် သိသိသာသာကျဆင်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ကြတဲ့ ကလေးအရေအတွက်ကတော့ သိသိသာသာများပြားလို့လာနေပါတယ်။ ပရိသတ်ကြီးလည်းချစ်သုဝေရဲ့ စကားလေးတွေအတွက် မှတ်ချက်ကနေတစ်ခုခုပြောဆိုခဲ့ကြပါဦး ။
Source – Chit Thu Wai
Noe Noe May Ju Ju

error: Alert: Content is protected !!